ဇွန်လ (၂၁) ရက်နေ့ မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ
ကြီးကျယ်ခမ်းနားလှတဲ့ ဗြိတိန် နိုင်ငံ ပါလီမန် နှစ်ရပ်စလုံးမှာ မိန့် ခွန်းပြောခဲ့ပါတယ်။ အခုလို ဗြိတိန်ပါလီမန် မှာ
မိန့် ခွန်းပြောခွင့် ကို ကမ္ဘာကျော်
နိုင်ငံ့ခေါင်းဆောင်တွေကိုသာ ဂုဏ်ထူးဆောင် အခွင့်အရေး တရပ် အဖြစ် ဗြိတိန်အစိုးရက
ပေးလေ့ရှိပါတယ်။ ဒုတိယ
ကမ္ဘာစစ်ကတည်းက ဗြိတိန်ပါလီမန် နှစ်ရပ်စလုံးမှာ စကားပြောခွင့်ရတဲ့ ကမ္ဘာ့ခေါင်းဆောင်
၎ ဦးသာ ရှိခဲ့ဖူးပြီး၊ နောက်ပိုင်း စကားပြောခွင့် ရသူတွေကတော့ ဗါတီကန်က လက်ရှိ
ပုပ်ရဟန်းမင်းကြီး ၁၆ နဲ့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားတို့ ဖြစ်ကြပါတယ်။ အရှေ့ တောင်အာရှနိုင်ငံ က ခေါင်းဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဦးဆုံး စကားပြောခွင့် ရတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်နေတာမို့ 
အမေစုရဲ့  မိန့် ခွန်း ဟာ ကမ္ဘာ့ သမိုင်းဝင် မိန့် ခွန်းဖြစ်လို့ နေပါတယ်။
အမေစု ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံ အိမ်ရှေ့ မင်းသား ချားလ် နဲ့  ကြင်ယာတော် တို့ နဲ့  တွေ့ ဆုံခဲ့ပြီး နေ့ လည်ပိုင်းမှာ ဗြိတိန်
ဝန်ကြီးချုပ် နဲ့ နေ့လည်စာ စားပါတယ်။
 |
ဗြိတိန်ပါလီမန် မှာ အမေစု မိန့် ခွန်း ပြောစဉ် (photo:PA) |
အမေစု ဟာ အိမ်ရှေ့ မင်းသား ချာလ်း နဲ့  ကြင်ယာတော် ကမီလာ တို့ နဲ့  အတူ သစ်ပင်စိုက်ခဲ့ပါသေးတယ်။ (photo:EPA)
 |
မိန့် ခွန်းပြောပြီး ခန်းမမှ မထွက်ခွာခင် အခုလို ၀ိုင်းပြီး နှုတ်ဆက်ခြင်းခံနေရတဲ့ ဒို့ ခေါင်းဆောင် |
 |
မြန်မာ့အရေးကို ဗြိတိန် နိုင်ငံ က ဆက်လက် ပူးပေါင်း ကူညီသွားဖို့  အမေစု က ခုလို တိုက်တွန်းပြောကြားခဲ့ |
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။