 |
| မခက်မာ |
(ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာ နီကိုရဲအကြောင်းကို စာရေးဆရာမ မခက်မာရေးထား တာလေး ကြိုက်လို့  ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်)
တိတ်ဆိတ်နေသောလမ်းကျဉ်းကလေးထဲတွင် ကျမတယောက်ထဲလမ်းလျှောက်သူရှိသည်။ လမ်းထဲရှိအိမ်များ
ရှေ့ ရှိပန်းခြံကလေးများ၊ပန်းအိုးကလေးများထဲတွင်နွေတုန်းကဖွေးဖွေးလှုပ်အောင်ပွင့်ထားသောပန်းပင်များမှ
လက်ကျန်ပန်းတွေသာရှိတော့သည်။ သစ်ပင်တချို့ကသူတို့ကိုယ်သူတို့ရွှေဝါရောင်အသွင်ပြောင်းစေခဲ့ပြီးတ ချို့တ၀က်ကရဲရဲနီစွေးနေပြီမို့ ပတ္တမြားကိုရွှေကွပ်ထားသလိုပင်။ မှင်တက်မိရလောက်အောင်လှသည့်ဆောင်း
ဦး၏နေခြည်ဝင်းပသည့်နေ့များကို ဒေသခံအမေရိကန်တွေက အမျိုးမျိုးတင်စားသုံးနှုန်းတတ်ကြသည်။ ကျမ ကတော့သစ်ရွက်များနှင့်ရောင်ပြန်ဟပ်ပြီး ရွှေဝါရောင်၊ပတ္တမြားရောင်နေခြည်တွေပျံ့ကျဲကျနေသောလမ်းပေါ် မှာတိတ်ဆိတ်ကြေကွဲစွာ တယောက်ထဲလျှောက်နေမိသည်။
ဆောင်းဦးလေကလေးတချက်ဝှေ့လိုက်တော့ မြေကြီးပေါ်ကြွေကျပြီးသားသစ်ရွက်ခြောက်တွေက လေ စုန်ရာဖက်မှာရှိနေသော ကျမနောက်ကျောရှိရာပြေးလိုက်လာကြသည်။ နိုင်လွန်ကတ္တရာလမ်းနှင့်သစ်ရွက်
ခြောက်ထိသံက လူတယောက်နောက်ဖက်မှအမောတကောပြေးလိုက်လာသလိုပင်။
ကျမကတယောက်ထဲခပ်တိုးတိုးရေရွတ်မိသည်။ မဖြစ်နိုင်မှန်းသိသိချည်းနှင့် ရူးကြောင်ကြောင်နိုင်မှန်း လည်းသိပေမယ့် ခြေစုံရပ်ပြီးနောက်ဖက်ကိုလှည့်ကြည့်မိသည်။ ညိုဝါရောင်သစ်ရွက်ခြောက်တွေက ကျမကိုမီ လာပြီး ခြေထောက်ကိုထိနမ်းနှုတ်ဆက်ကြသည်။ ကျမကိုယ်ကျမ,မသိပဲ ရူးကြောင်ကြောင်နိုင်ခဲ့တာတွေရှိပေ
မယ့် တခါတလေကျတော့လည်း သိသိချည်းနှင့်ရူးကြောင်ကြောင်ခံစားပြီးရူးကြောင်ကြောင်ပြုမူနေထိုင်ပစ်
လိုက်ချင်သည်။သစ်ရွက်ခြောက်တွေကိုငုံ့ကြည့်ပြီးမျက်ရည်ကရစ်ဝဲလာကာမျက်ရည်ရစ်ဝိုင်းလျှက်ကပင်အသံ
မနေ့ညကတည်းက ကျမအဲသည်လိုတွေဖြစ်နေခဲ့တာ။ လူတယောက်အကြောင်းတသီတတန်းကြီးစဉ်း
စားပြီး မျက်ရည်ဝေ့၀ိုင်းလျှက်က အသံထွက်အောင်ရယ်မိတာ ဒီတခါပဲရှိလိမ့်မည်ထင်သည်။