Showing posts with label Arts. Show all posts
Showing posts with label Arts. Show all posts
Monday, June 18, 2012
အမေ့ အတွက် မွေးနေ့ ဆုတောင်းများ
အမေစုရဲ့  ၆၇ နှစ်မြောက် မွေးနေ့ ဆုတောင်း အတွက် စာများနဲ့ ၊  ပန်းချီကားများ ရေးသားပေးကြတဲ့
 မိတ်ဆွေ များအားလုံး ကို အထူးပဲကျေးဇူးတင်ပါတယ်။ လူငယ်၊ လူကြီး ပူးပေါင်းဆောင်ရွက် ဖို့  အမြဲ တိုက်တွန်းနေတဲ့ အမေစု အတွက်၊ အမေ့ မွေးနေ့ မှာ ကျွန်မတို့ အခုလို (အဝေးကနေ) ပူးပေါင်းပါဝင် နိုင်ကြတာ ကြည်နှူးစရာပါ။
စာများ၊ ပုံများ ကို ဇူလိုင်လ ပထမအပတ်မှာ အမေစု ဆီ ကို အရောက် ပေးပို့ သွားမှာ ဖြစ်တဲ့ အတွက်၊ ဇွန်လ ကုန် အထိ ဆက်လက်ပြီး ရေးသားပေးပို့ နိင် ပါတယ်၊ ပေးပို့ လာတဲ့ စာအသစ် များကို နေ့ စဉ် update  လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
Artist:  Baby Myint (New York) 
************************************************************ 
ဘုန်းကြီးတို့ သာသနာရေးဆိုင်ရာ လောက မှာ ဘာသာရေးကို အယုံမကြည်ရှိသူ ကို ယုံကြည်ဆည်းကပ်လာအောင်၊ ကြည်ညို ပြီးသားလူကို ပိုပြီး ကြည်ညို လာအောင် ဆောင်ရွက်နိုင်တဲ့ သာံ ကို စံနမူနာကောင်း အဖြစ် မှတ်ယူကြတယ်။
 အဲ…လောကီရေးရာမှာတော့ ဒကာမကြီး အောင်ဆန်းစုကြည် ဟာ စံနမူကောင်း အဖြစ် အတုယူရမယ့် သူဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်သူ တွေ ကို ငြိမ်းချမ်းစွာ နဲ့ တွေ့ ဆုံဆွေးနွေးရေး လမ်းစပေါ် ရောက်လာအောင်၊ သွေးကွဲနေသူတွေ ကို ပြန်လည်ညီညွတ်လာအောင်၊ လိုအပ်နေတဲ့ နေရာမှာ မေတာနဲ့  ကူညီဖေးမတတ်ကြအောင် ပြောဆို လုပ်ကိုင်နိုင်တယ်။ ဒကာမ လို လူတွေ အများကြီး ရှိနေရင် ကမ္ဘာကြီး က ငြိမ်းချမ်းမှာ အမှန်ပဲ။
ဒီကနေ့  ကျရောက်တဲ့ ၆၇ နှစ်မြောက် မွေးနေ့ မှ သက်တော်ရာကျော်ရှည်ပါစေ။
ဘုန်းဘုန်းဦးဝိလာသ (မဟာအောင်မြေကျောင်းတိုက်၊ နယူးယောက်)
**************************************************************************************
Artist: May Thet Thet Khine( New York)
You are one in a million.
You make us proud, You are my source of inspiration....happy 67th birthday Ah may Suu.
May Thet Thet Khine (new York)  
********************************************************
 ဒေါင်းမိခင်စု၊ မွေးနေ့ ဆု
အာဃာတမထား
မာန်မာနမထား
မေတ္တာပွားမှု သူရှေ့ ရှု
ပြည်သူတို့ ရဲ့ စု။
လှံစွမ်မကြောက်၊ ကျည်ဆန်မကြောက်
မဖီမဖောက်၊ ဒူးမထောက်
နတ်မောက်ရဲ့ ဆု၊ ဒို့ ရဲ့ စု။
သေနတ်မပါ၊ ဓါးမပါ
သစ္စာမီးဒုတ်၊ သူကိုင်ဆုပ်
ကျွန်ုပ်တို့ ရဲ့ စု။
စုရဲ့ မေတ္တာ၊ စု သစ္စာနဲ့ 
ဗမာတ၀န်း၊ ဘေးမသန်းဖို့ 
ငြိမ်းချမ်းရေးဆု၊ စုရဲ့ ဆု။
ပြည်သူ့ စစ်သား၊ ဒို့ စစ်သားနဲ့ 
အများကောင်းမှု၊ ဒို့ ကောင်းမှု နဲ့ 
ကျန်းမာစေဆု၊ ချမ်းသာဆု။
ဒို့ တောင်းတမှု၊ စုတွက် ဆု။
ခွပ်ဒေါင်းနီနီ၊ ဒို့ စုကြည်သည်
သက်ရှည်ကျန်းမာ၊ နှစ်ရာကျော်။
ပြည်သူ့ ကောင်းမှု၊ ဒို့ ကောင်းမှု
ပေါင်းစုနုမော်၊ သာဓုခေါ်။
နွေမိုးတရာ၊ ပန်းတရာနဲ့ 
လန်းဖြာကြည်မွှေး၊ အေးစေသောဝ်။
စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည် (နယူးယောက်)
(၂၀၀၅ ခုနှစ် ဒေါ်စု မွေးနေ့ အတွက် ရေးခဲ့တဲ့ ကဗျာ ကို ပြန်လည် ဖော်ပြခွင့် ပြုတဲ့ အတွက် ဆရာမောင်စွမ်းရည် ကို ကျေးဇူးတင်ပါတယ်)
****************************************************************************************
" မွေးနေ့ရှင်မရှိဘဲ နှစ်စဉ် ကျင်းပလာခဲ့မွေးနေ့များ
ဒီနှစ်မှာတော့ မွေးနေ့ ရှင်ကိုယ်တိုင်  မွေးနေ့ပွဲလေးကို ကျင်းပနိုင်ပြီပေါ့".....................
"ကျနော် တို. ကြည်ညိုလေးစား၊အာကိုးရသော အမေ 
လှပသော အနာဂတ်ကိုဖန်တီးပေးနိုင်စွမ်းရှိတဲ အမေ
 ပြည်သူတွေအတွက် ထာဝရငြိမ်းချမ်းရေးကို ကြိုးစားဆောင်ရွက်ပေးတဲအမေ
ကျန်းမာ၊ချမ်းသာပြီ၊အသက်ရာကျော်ရှည်၍
လှပသော အနာဂတ်  သမိုင်းတစ်ခေတ်ကို
အမေချစ်သော၊ အမေ့ကိုချစ်သော ပြည်သူများနှင့်အတူ၊
 နှစ်ပေါင်းများစွာ တိုင်အောင် လက်တွဲ ထူထောင်နိုင်ပါစေ ~
(ဝေးတနေရာမှ အမေ့ရဲ သား  )
၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦး (နယူးယောက်)
***********************************************************************************
*************************************************************************************
Photo: internet
Happy Birthday, Amay, you are our leader as well our expectation.
Myo Theingyi Cho (Singapore) 
*************************************************************************************
photo: su nyan
အမေ ရဲ့ ၆၇ နှစ် ပြည့် မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ တိုင်အောင် ကျန်းမာ ချမ်းသာ ဘေးကင်းစွာနဲ့ အေးအေးချမ်းချမ်း ရှင်သန် ရပ်တည်နိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ
Happy Birthday Mother Suu
We LOVE You  
စိုင်းခွမ်မိုင်း(မြန်မာပြည်) 
**************************************************************************************
ကျက်သရေရှိ တဲ့ အလှ
ငြိမ်းချမ်းတဲ့ နှလုံး နဲ့ 
ကြည်လင်အေးမြတဲ့ အမေ့ အပြုံး။
မြင်ရသူ စိတ်ရွှင်လန်းပြီး
အပျော် အပြုံး တွေ ကူးစေသမို့ 
အခုလို ပဲ အမြဲ ပြုံးပါ အမေ။ 
နန်းစံနွံ (နယူးယောက်) 
************************************************************************************
Happy Birthday to Myanmar Democracy Leader Aung San Suu Kyi.
Long Live Our Leader. 
ငြိမ်းချမ်းနိုင်(မြန်မာပြည်) 
 ************************************************************************************
(ဆက်လက်ဖော်ပြပါမည်) 
                                                                                                   မစုဥာဏ်
Saturday, May 26, 2012
ကိုကျော်သူရဲ့  ပထမဆုံး ထွက်ပေါက်
စက်တင်ဘာ သာသနာ
 မေလ ၂၅ ရက်နေ့ ၊ နယူးယောက်မြို့ တရုတ်တန်းက Project Reach မှာ ကျင်းပခဲ့တဲ့ First Break Out (ကျော်သူရဲ့  ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံ ပန်းချီပြပွဲ)  မှ ပုံများဖြစ်ပါတယ်။  
 ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းတော် များကို ဆွမ်း၊ရေချမ်းကပ်ခဲ့တဲ့  ကိစ္စကြောင့် အဲဒီ အချိန် က စပြီး ယခု အမေရိကန် ကို အလည်အပါတ် ရောက်လာတဲ့ အချိန် အထိ မြန်မာအစိုးရ က ကိုကျော်သူ ရဲ့ အနုပညာ လုပ်ပိုင်ခွင့်တွေ အားလုံးကို ပိတ်ပင်ခဲ့ပါတယ်။ ပြည်တွင်း မှာပြသခွင့်မရခဲ့တဲ့ ပန်းချီကားချပ်တွေ ဖြစ်တာမို့ ၊ မိုင်ထောင်ပေါင်း များစွာ ဝေးကွာတဲ့ 
နေရာမှာ ရှိနေတဲ့ ကိုကျော်သူ့ ပရိသတ်များ ကြည့်ခွင့် ရစေရန် ရည်ရွယ်ပါတယ်။ 
ကျနော့် နှလုံးသားနဲ့ ခံစားရေးဆွဲထားတဲ့ ပန်းချီကားတွေ လူထုကိုပြသခွင့်ရခြင်းဟာ ကျနော့်ရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံလို့ဆိုချင်ပါတယ် (ကျော်သူ)
လှုံ ခြုံမှု နွေးထွေးမှု
စစ်နဲ့ ငြိမ်းချမ်းရေး ($1500 ဖြင့် ရောင်းချပြီး)
Kiss Me Quick
အိုးဘားမား ($700 ဖြင့် ရောင်းချပြီး)
ကိုကျော်သူ့ လက်ရာကို ကြည့်ပြီး တွေ သွားတဲ့ ဆရာမောင်စွမ်းရည် ရဲ့ အတွေး တွေ ကို ကျွန်မ စိတ်ကူးနဲ့  ဖမ်းဆုပ်ကြည့်တဲ့ အခါ ရွေဝါရောင် ကဗျာတစ်ပုဒ် ကို ဖတ်လိုက်ရတယ်။ 
လူရှုပ်ရှုပ်၊ ကားရှုပ်ရှုပ် နဲ့  ဆူညံနေတဲ့ နယူးယောက်မြို့ လယ်က အခန်းလေးတစ်ခုမှာ မြန်မာ့ရိုးရာ ကို ဖော်ကျူးထားတဲ့ ကားချပ်တွေ ၀န်းရံထား ပြီး မြန်မာသံတွေ နားထောင်နေရတာဟာ ထူးဆန်းတဲ့ ခံစားမှု တစ်ခုပါပဲ။
အောင်စည်အောင်မောင်း ($ 800 ဖြင့် ရောင်းချပြီး)
အဆိုပါ ပန်းချီပြပွဲ ကို မေလ ၂၅ ရက်ကနေ၊ မေလ ၂ရ ရက်နေ့ အထိ ပြသထားမှာ ဖြစ်ပြီး၊ စုစုပေါင်း ပန်းချီကား ချပ် ၂၆ ချပ် ရှိတဲ့ အထဲ က ပြပွဲ ပထမရက်မှာ ကားချပ်ပေါင်း ၉ ချပ် (အမေရိကန် ဒေါ်လာ ၇၄၀၀) ရောင်းချခဲ့ပြီးဖြစ်ပါတယ်။
အင်းစိန်ထောင်ရဲ့ အခန်းကျဉ်းထဲကနေ လှမ်းမြင်ရတဲ့ မြင်ကွင်း ကို ရေးဆွဲထားတာ လို့  ကိုကျော်သူက ပြောပါတယ်။ ကားချပ်ရဲ့ အမည် ကို  လွတ်ငြိမ်းခွင့် လို့  ပေးထားပါတယ်။
ကိုကျော်သူရဲ့ ရင်ခုန်သံ ကို ပရိသတ်များက အခုလို စိတ်ဝင်တစား နားထောင်ခဲ့ကြ။
မြန်မာ့ရိုးရာ ($500 ဖြင့် ရောင်းချပြီး)
သစွာဖောက်
 ပရိသတ်တွေရဲ့ မေးခွန်းတွေ ဖြေပေးရ၊ာတ်ပုံတွဲရိုက်ရနဲ့  အလုပ်များနေတဲ့ ခင်ပွန်းဖြစ်သူ ကိုကျော်သူ ကို ဂုဏ်ယူတဲ့ အပြုံးနဲ့ လိုက်ကြည့်နေတဲ့ မရွှေဇီးကွက် ကို ပြပွဲ အကြောင်း မေးကြည့်တော့...
"မြန်မာပြည်မှာ တုန်းက တော့ အိမ်မှာပဲ ပြခဲ့တာလေ။ လွတ်ငြိမ်းခွင့် ဆိုတဲ့ ပန်းချီကား ကို သံတိုင်တွေ နဲ့  လုပ်ထားတဲ့ အခန်းကျဉ်းထဲ ထည့်ပြီး ပြထားတယ်၊ သံတိုင် တံခါးကို ဆွဲဖွင့်လိုက်ရင် ထောင်ထဲ က တံခါးတွေ အသံမြည်သလို မျိုးဖြစ်အောင်လုပ်ထားတော့ အိမ်မှာ လာကြည့်တဲ့ သူတွေ ထဲ က တချို့ ဆို မျက်ရည်ကျသွားတာတွေ ရှိတယ်။ အခု ဒီမှာ လုပ်တဲ့ ပွဲ က ဘယ်သူမဆို ၀င်ကြည့်လို့ ရတယ်။ ပိုပြီး လွတ်လွတ်လပ်လပ် ရှိတယ်၊ ပရိသတ်နဲ့  ပိုပြီး ထိတွေ့ မှု ရ တာပေါ့ " လို့ ပြောပါတယ်။  (မချောအိသိမ်းရဲ့  ပြောစကားအရ ကားချပ်တွေ ကို ကိုကျော်သူ စိတ်တိုင်းကျ ခင်းကျင်းပြသဖို့  ပြင်ဆင်ရာမှာ  အချိန် အခက်အခဲ၊ ပစ္စည်းအခက်အခဲ တွေ ရှိခဲ့တယ်လို့  သိရပါတယ်။ ဥပမာ ကားချပ်တစ်ခု ပေါ်မှာ သံစူးကြိုးနဲ့  လိုက်ပြီး ပတ်ဖို့ လုပ်ရာမှာ မြန်မာပြည် ကလို သံစူးကြိုးမျိုး ရအောင် အတော်လေး ရှာယူရတယ်လို့ သိရပါတယ်) 
ကိုကျော်သူရဲ့  ပါရမီဖြည့်ဘက်
ရုပ်ရှင်မင်းသား အဖြစ်၊ ဒါရိုက်တာအဖြစ်၊ နာရေးကူညီမှု အသင်းရဲ့  ဥကဌအဖြစ်၊ ပန်းချီဆရာ အဖြစ် အလုပ်တွေ များနေတတ်တဲ့ ကိုကျော်သူ ရဲ့ ဇနီးသည် ဘ၀ ကို အမ ဘယ်လို ဖြတ်သန်းခဲ့သလို လို့  မေးတော့ မျက်လုံးဝိုင်းဝိုင်းနဲ့  အမက.....
"ကိုယ်နဲ့ လက်ထပ်တုန်းက သူ က ရုပ်ရှင်မင်းသားမဖြစ်သေးတော့ အစပိုင်းမှာ ခက်တာပေါ့ နော်(ရီမောလျှက်)။ အမက ရုပ်ရှင်သရုပ်ဆောင်အလုပ် ကို ၀ါသနာလည်းမပါဘူး။ သူလုပ်တာကို သဘောလည်း မကျပေမယ့် မကန့် ကွက်ခဲ့ပါဘူး။ ရုပ်ရှင်သရုပ်ဆောင်လုပ်ငန်းကြောင့် မိသားစု အတွက် အချိန်နည်းတာမှန်ပါတယ်။ ဒါပေမယ့် အစ်မတို့  နာရေးကူညီမှု လုပ်ငန်းလုပ်တဲ့ အခါမှာ နာမည်ကြီးရုပ်ရှင် မင်းသားဖြစ်တဲ့အတွက် လူတွေ ရဲ့ စိတ်ဝင်စားမှု ကို ပိုရစေခဲ့ပြီး၊ အသင်းအတွက် အထောက်အကူဖြစ်စေခဲ့တာမို့ အစ်မ ၀မ်းသာပါတယ်။  ကောင်းတာတွေထဲက နောက်တစ်ခု က ဘာလဲဆိုတော့ သူ့ အနုပညာလုပ်ငန်းတွေ နဲ့  အလုပ်များနေချိန်မှာ သားသမီးတွေ ကို ထိန်းကျောင်းဖို့ အစ်မ ပို ပြီး အချိန်ရခဲ့တယ်။ ဘာပဲပြောပြော ကလေးတွေ က ပညာရေးမှာ ထူးချွန်ကြတဲ့ အတွက် ကျေနပ်မိပါတယ်"  တဲ့။
ကိုကျော်သူ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိပြီး တစ်ပတ်လောက် အကြာမှာ အနုပညာလုပ်ကိုင်ခွင့် နဲ့  ပတ်သက်ပြီး ပိတ်ပင်ထားတာတွေ ကို ဖယ်ရှားလိုက်ပြီ လို့  သိရတဲ့ အတွက် ကိုကျော်သူ့ လက်ရာ   ပန်းချီပြခန်းတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေ ကို မကြာခင် ပြန်လည်မြင်တွေ့ ခွင့်ရတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ 
                                                                                                                   မစုဥာဏ်
Sunday, February 26, 2012
အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေလိုက်တဲ့ မြန်မာ့နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦး၏ စာအုပ်
မြန်မာ စာရေးဆရာမ မခက်မာ (နိုင်ငံရေး အကျဉ်းသူဟောင်း) ရဲ့ " The Souls of Fallen Flowers" (အကြွေပန်းများ၏၀ိဥာဉ်များ) အမည်ရှိ ၀ထွု စာအုပ် ကို အမေရိကန်ပြည်ထောင်စု မှာ ဖေဖော်ဝါရီ လ ၂၄ ရက် နေ့ က စတင် ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခု အနေနဲ့ ….စာအုပ် ထုတ်လုပ်ရာမှာ ခေတ်မီ စက်ကိရိယာများနဲ့  ထုတ်လုပ်တာ မဟုတ်ပဲ လက်မှုနည်းပညာတွေ နဲ့  အချိန်ယူ ထုတ်လုပ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ (စက်မှုနည်းပညာတွေ ထွန်းကားလှတဲ့ အမေရိကန်ပြည်ထောင်စုမှာ hand-made ခေါ် လက်မှုလုပ်ငန်းတွေ ကို အင်မတန်မှ တန်ဖိုးထားကြပါတယ်။)  
မခက်မာ၏လက်ရာ
Thursday, February 23, 2012
နာဂစ်မုန်တိုင်း ကြောင့် တောင်းခံနေရသော လက်များ အကြောင်း ပြသလိုက်တဲ့ ပန်းချီသန်းဌေးမောင်ရဲ့  အနုပညာ ပြကွက် (ဗီဒီယို)
 အမေရိကန် ပြည်ထောင်စု Pittsburgh မြို့ ကို ရောက်ရှိနေတဲ့ မြန်မာ ပန်းချီဆရာ သန်းဌေးမောင်ရဲ့ အနုပညာပြပွဲ တစ်ခုမှာ ဆာလောင် ငတ်မွတ်ပြီး အစာတောင်းနေတဲ့ လက်များ  ကို ပလတ်စတာနဲ့  ပုံတူ ပြုလုပ်ပြီး အခုလို ပြသခဲ့ပါတယ်။
 ပြပွဲမှာ လက်ပုံတွေ ကို လုပ်ပြဖို့  ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့  ပတ်သက်ပြီး ပန်းချီသန်းဌေးမောင် က ၂၀၀၈ ခုနှစ် အတွင်း နာဂစ်မုန်တိုင်း အပြီးမှာ အစားအစာ မလုံလောက်မှုတွေ ကြောင့် အလှူရှင်တွေ ဆီကနေ လက်ဖြန့် တောင်းခံခဲ့ရတဲ့ ဒုကသည်များ ရဲ့ လက်တွေ ကို  မြင်ယောင်မိပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့  ဆိုပါတယ်။ အဲဒီ ကာလတွေ တုန်းက ပန်းချီသန်းဌေးမောင် နဲ့  ဇနီးဖြစ်သူ စာရေးဆရာမ မခက်မာတို့ ဟာ  မုန်တိုင်း သင့်ဒေသတွေ ကို အဖွဲ့ သားတွေနဲ့ သွားရောက်ခဲ့ပြီး အကူအညီတွေ ပေးခဲ့ကြပါတယ်။ " အစားအစာ အတွက်၊ ဘ၀လှုံခြုံမှု အတွက်၊ နွေးထွေးကြင်နာ မှုတွေ အတွက်...အခြား..အခြားသော..လိုအပ်ချက်တွေ အတွက်.. ငတ်မွတ်စွာ တောင်းခံနေတဲ့ ဖြန့် နေသော လက်များစွာကို ကျွန်တော် မြင်တွေ့ ခဲ့ရပါတယ်၊" လို့  ပန်းချီသန်းဌေးမောင် က ပြောပါတယ်။ 
Wednesday, February 8, 2012
A Shan Lady who enjoys raising awareness about her country through her art
Some artists create their work for pleasure; some just want to keep their memories alive and others as a mental outlet. Watching the paintings created by a Shan Lady, Feraya Ullathorne, whose paintings were mostly related to Shan people and its culture, I attempted to find out whether she has deeper meanings behind these paintings.  
 Interestingly enough, I found out that Feraya has been using her art for good causes: fund raising for Shan refugees as well as internally displaced children, and raising awareness about her motherland, Shan State. She also drew political cartoons for Burma Digest. Moreover, she used her art to heal people (worked as an art therapist) at a hospice in England. Most of her cartoons revealed situations inside Burma.Through her actions, I believe that she is more likely an activist than an artist or a cartoonist. Indeed, she is making voices for voiceless people living inside Burma.
Although she has left her beloved homeland at the age of 14, her memories and thoughts are still full of the love for Shan people. Her unspoken love to her country and its people can be seen through her paintings or her website at  http://www.taigress.info/  
Feraya recently published some of her arts into a book titled as "Feraya's world - A Shan Lady's Paintings". The book can be purchased at http://www.blurb.com/books/2959863. The profit from this book will go to good causes of Shan people and those who are in need. 
Some people use guns, some use negotiations and others use their talents to fight for their country. The most important thing is having a desire to fight.Regardless of her busy schedule, she warmly welcome my interview: