တခြားနိုင်ငံ က ခရီးစဉ်တွေ နဲ့  နှိုင်းယှဉ်ရင် ဗြိတိန်ခရီးဟာ အမေစု အတွက် အတိတ်က အရိပ်ခြေရာတွေ နဲ့  ပြည့်နေပြီး ချိုမြိန်မှု၊ခါးသီးမှု စတဲ့ ရောထွေးတဲ့ ခံစားမှုတွေ ကို ပေးမယ့် နေရာလေးပါ။
ဗြိတိန်ဟာ...
ဗြိတိန်ဟာ...
- ငယ်ရွယ်နုပျိုပြီး၊ ရိုးသားကြိုးစားတဲ့ ကျောင်းသူဘ၀ကို အမေ ဖြတ်သန်းခဲ့တဲ့ နေရာ......
- ခင်ပွန်းသည်နဲ့  မေတွာမျှခဲ့တဲ့ နေရာ......
- ချစ်စဖွယ် သားငယ်နှစ်ဦး နဲ့ ပျော်ရွင်စရာ မိသားစုအသိုက်အမြုံလေးရှိခဲ့တဲ့နေရာ.....
- ၀မ်းနဲ့ မလွယ်တဲ့ သန်းပေါင်းများစွာသောပြည်သူတွေ အတွက် ရင်လွယ်သားတွေ ကို အမေ ရင်နာနာနဲ့  စွန့် ခွာသွားခဲ့တဲ့နေရာ....
- မိခင်ကို တမ်းတရင်း၊ ကင်ဆာရောဂါကြောင့် သေလုမျောပါးဖြစ်နေတဲ့ ဖခင်နားမှာ သား၂ယောက် နာကျင်စွာ ဖြတ်သန်း ကြီးပြင်းခဲ့ကြတဲ့ နေရာ.....
- နောက်ဆုံး ကင်ဆာရောဂါနဲ့ ဝေဒနာခံစားပြီး ဆုံးပါးခါနီး ခင်ပွန်းသည် ဆီကို လာမတွေ့ ပဲ မြန်မာပြည်သူတွေ အတွက် ဆက်လက်တိုက်ပွဲဝင်ဖို့  ပြတ်ပြတ်သားသား အမေ ဆုံးဖြတ်ခဲ့တာမို့ ၊ ဇနီးဖြစ်သူ ကို တမ်းတရင်း ခင်ပွန်းဖြစ်သူ အထီးကျန်စွာ ဆုံးပါးသွားတဲ့ နေရာ.....
- မြေးတွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေဟောင်းတွေ နဲ့  ပြန်စုံတွေ့ ရတဲ့ နေရာ လေးမို့ ........ ဗြိတိန် ခရီးဟာ အမေစု အတွက် တော့ ခံစားမှု မျိုးစုံနဲ့ ပြည့်နေမယ့် ခရီးဖြစ်မှာအသေချာပါ။
ဇွန်လ ၂၀ရက်နေ့ ( အောက်စဖို့ဒ်တက္ကသိုလ် က Honorary Doctor of Civil Law ဂုဏ်ထူးဆောင်ဒေါက်တာ ဘွဲ့ ကို လက်ခံရယူခဲ့တဲ့ နေ့ ) မှာ အမေစုဟာ ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ် အဲရစ် ရဲ့ အုတ်ဂူ ကို သွားရောက် ဂါရ၀ပြုခဲ့တယ်လို့  သိရပါတယ်။ ကျွန်မမြင်ယောင်မိတယ်။ မြန်မာဝတ်စုံလေးနဲ့ ၊ လိုက်ဖက်တဲ့ ပ၀ါလေးနဲ့ ၊ ပန်းပန်ပြီး ...ကျက်သရေရှိရှိ လှနေမယ့် အမေစု၊ မြေပြင်မှာ ငြိမ်သက်စွာလဲလျောင်းနေတဲ့ ခင်ပွန်းဖြစ်သူရဲ့ အုတ်ဂူရှေ့ မှာ ဘယ်လို ခံစားမှုမျိုးတွေနဲ့ ရှိနေခဲ့မလဲ ဆိုတာကို.....
ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင် တယ် ပြောပြော၊ အမေစု ဟာလည်း ကျွန်မတို့ လိုပဲ အသွေး အသားနဲ့  ခံစားတတ်သူ လူသားတစ်ဦး မဟုတ်ပါလား။ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှု ရလဒ်ဖြစ်လာတဲ့ အထိ မဆုတ်မနစ်တိုက်ပွဲဝင်ခဲ့တဲ့ အမေ့နောက်မှာ သူ့ မိသားစုဝင်တွေ ရဲ့ နားလည်မှု၊ အနစ်နာခံမှုတွေ လည်း အရေးကြီးတဲ့ အခန်းကနေ ပါခဲ့တယ် ဆိုတာကို ငြင်းဆန်လို့ မရတာ အမှန်ပါ။
*************************************************************************
ခင်ပွန်းဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာ( ပြည်ပကို ထွက်လာချင်ပေမယ့်၊ ပြည်တွင်းပြန်ဝင်ခွင့် မရနိုင်လို့ ) မြန်မာပြည်သူတွေ အတွက် ငဲ့ကွက်ပြီး သေလုမျောပါး ခင်ပွန်းကို လာမတွေ့ နိုင်တဲ့ အတွက် ခွင့်လွတ်နားလည်ပေးဖို့  တောင်းပန် တိုးလျိုး စကားတွေနဲ့  အမေ မျက်ရည်ကျနေမလား.......
(ဒါမှမဟုတ်) ခေါင်းဆောင်တစ်ဦး မို့  လူတွေရှေ့ မှာ ပုဂလိက ခံစားမှုတွေ ကို ဟန်လုပ်ပြီး အံကိုကြိတ်ပြီး သိမ်းဆည်းနေခဲ့ရသလား ......
(ဒါမှမဟုတ်) ခင်ပွန်းဖြစ်သူ အားပေးထောက်ခံခဲ့၊ မျှော်လင့်ခဲတဲ့ အတိုင်း မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်လာနေပြီ ဆိုတဲ့ အကြောင်း၊ အနစ်နာခံရကျိုးနပ်တဲ့ အကြောင်း ၀မ်းပန်းတသာနဲ့  ခင်ပွန်းသည် ကို အမေ တိုင်တည်ပြီး ပြောပြနေမလား.........

အတွေးပေါင်းများစွာနဲ့ ကျွန်မစိတ်တွေ မွန်းကြပ်လို့ လာပါတယ်။ အောက်စဖိုဒ့် မှာ ဘွဲ့ ယူပြီး မိန့် ခွန်းပြောရာမှာ အမေစု က " အောက်မေ့စရာ အတိတ်က ဖြစ်ရပ်တွေ ထဲ က အကောင်းဆုံး အစိတ်အပိုင်းတွေ ကို ရွေးချယ်ပြီး ရှေ့ ဆက်ရမယ့် အင်အားတွေ အဖြစ် အသုံးပြုရမှာဖြစ်တယ်" လို့  ပြောဆိုသွားပါတယ်။ နာကျင်စရာတွေ ကို အင်အားတွေ အဖြစ် အသုံးပြုနိုင်စွမ်းရှိတဲ့ အမေစု ကိုလည်း ပိုပြီး လေးစားလာမိတယ်။
ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင် တယ် ပြောပြော၊ အမေစု ဟာလည်း ကျွန်မတို့ လိုပဲ အသွေး အသားနဲ့  ခံစားတတ်သူ လူသားတစ်ဦး မဟုတ်ပါလား။ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှု ရလဒ်ဖြစ်လာတဲ့ အထိ မဆုတ်မနစ်တိုက်ပွဲဝင်ခဲ့တဲ့ အမေ့နောက်မှာ သူ့ မိသားစုဝင်တွေ ရဲ့ နားလည်မှု၊ အနစ်နာခံမှုတွေ လည်း အရေးကြီးတဲ့ အခန်းကနေ ပါခဲ့တယ် ဆိုတာကို ငြင်းဆန်လို့ မရတာ အမှန်ပါ။
*************************************************************************
( မြန်မာ့နိုင်ငံရေးအတွက် အမေစုရဲ့ လှုပ်ရှားမှုတွေ ကို ထောက်ခံအားပေးခဲ့၊ နောက်ကွယ်ကနေ စွန့် လွတ် အနစ်နာခံခဲ့တဲ့ မိုက်ကယ်အဲရစ် ရဲ့ အကြောင်း ကို ကျွန်မရေးခဲ့တဲ့ ဆောင်းပါး မိုက်ကယ်အဲရစ်ရဲ့ လူသိနည်းသော စွန့် လွတ်အနစ်နာခံမှုများ
မှာ ဖတ်နိုင်ပါတယ်။)
အောက်ဖော်ပြပါ ပုံများဟာ ဇွန်လ ၁၉ ရက် နဲ့  ၂၀ ရက်နေ့ က ဗြိတိန်နိုင်ငံရောက် အမေ့ ပုံရိပ်များဖြစ်ပြီး၊ AP, AFP သတင်းဌာနများမှ တဆင့် ပြန်လည်ကူးယူထားခြင်းဖြစ်ပါတယ်။ အမေ့မွေးနေ့ မှာ ဘုန်းတော်ကြီး ဒလိုင်လားမား နဲ့ အတူ တွေ့ ရစဉ် ( AP) |
အောက်စဖိုဒ့်တက္ကသိုလ် မှ ဂုဏ်ပြုချီးမြှင့်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ (Honorary Doctor of Civil Law) ကိုလက်ခံရယူ(ပုံ-အေပီ) |
ဘီဘီစီ အသံလွင့်ဌာန မှာတွေ့ ရတဲ့ အမေစု (AP) |
LSE ဆွေးနွေးပွဲမှာ အမေစု မွေးနေ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံ ကို ပေးအပ်ခဲ့ကြပါတယ်။ ဇွန်လ ၁၉ ရက် (အေပီ) |
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။