ကျမတို့
ဗုဒ္ဓဘာသာမြန်မာလူမျိုးများဟာ စေတနာထက်သန်ကြသည့်အလျောက် အလှူရေစက် လက်နဲ့မကွာ ဆိုသလို
လှူဒါန်းလိုက်ကြတာများ ကမ္ဘာကတောင် အံသြချီးမွမ်းကြရတာ အားလုံး အသိကြပါပဲ။ တကယ့်ကို
ကြည်ညိသပ္ပါယ်ဖို့ကောင်းတဲ့ တန်ခိုးကြီး စေတီတော်ကြီးတွေဖြစ်တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးတို့
ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်မြတ်ကြီး တို့ကိုကြည့်လိုက်မယ်ဆိုရင် မြန်မာတို့ရဲ့
သဒ္ဒါအားကို မြင်ကြ ရမှာပါ။ ဒီလို နတ်လူ သာဓုခေါ်တဲ့ မွန်မြတ်တဲ့အလှုဒါနတွေကို အကြောင်းပြုပြီး
ကျမမှာ ရေးစရာ အကြောင်း အရာလေးတစ်ခု က ဒီရက်ပိုင်းမှာ ရှိလာပါတယ်။
လူကြီးအမျိုးနဲ့ ကျိုက်ထီးရိုး
လွန်ခဲ့တဲ့ရက်သတ္တပါတ်မှာ အမေရိကမှာနေတဲ့ ကျမရဲ့သူငယ်ချင်းပြန်ရောက်လာတာနဲ့ သူငယ်ချင်း တွေဆုံတုန်း ကျိုက်ထီးရိုးသွားကြမယ်ဆိုပြီး ကျမတို့တွေ ရန်ကုန်ကနေ ထွက်လာ ခဲ့ကြ ပါ တယ်။ နွေဦးလို့သာ ဆိုပေမယ့် ပူလိုက်တဲ့နေဆိုတာလည်း တော်သလင်းနေအလား ထင်မှတ်ရပါတယ်။ ရန်ကုန်ကနေမနက် ၁၀နာရီခွဲလောက်မှာထွက်ခဲ့တဲ့ ကျမတို့ကားကလည်း ကျိုက်ထိုနားရောက်ခါနီးမှ ပျက်သွားတော့ ဦးလေး တစ်ယောက်က ကားစောင့်နေခဲ့ပြီး သိပ်တက်ကြွနေတဲ့ ကျမတို့ကတော့ လမ်းကြုံကားတစ်စီး အကူအညီနဲ့ တောင်တက်ကားအမီရောက်အောင် ခရီးဆက်ခဲ့ကြတယ်။ တောင်ခြေကိုကျမတို့ရောက်ပြီးတာနဲ့ တောင်တက်ကားကလည်း သိပ်စောင့်စရာမလိုလိုက်ရပဲ တောင်တော်ပေါ်ကိုပေါ့ပါးစွာနဲ့ တက်လာနိုင်ခဲ့ပါတယ်။ သည်မှာ တောင်တက်ကားအကြောင်းကို ကျမနည်းနည်းပြောချင်ပါတယ်။

တောင်တက်ကားဖြစ်သည့်အလျောက်
ကားကြီးကိုသုံးထားပြီး ခရီးသည်တွေကို ရှေ့ခန်းနောက်ခန်းဈေးနှုန်း ခွဲပြီး (ဈေနှုန်းကတော့
၅၀၀ ပဲကွာပါတယ်)
![]() |
| နောက်ခန်းမှ စီးသူများ၊ ကားပေါ်ကို အခုလို တက်ရပါတယ်။ (ပုံ- မနွယ်) |
တင်ပါတယ်။ နောက်ခန်းမှာတော့ ကိုင် စရာ တန်းမရှိပဲ တောင်တက်လည်းကြမ်းသည့် အတွက် ရှေ့ ခန်း ကို ထိုင် ချင်ကြသူတွေ များကြပါတယ်။ ရှေ့ခန်းကတော့ ဦးရာ လူစနစ်နဲ့တင်ပါတယ်။ ဒီမှာတင် ကျမသတိထားမိတာက
ဦးစားပေးပုံစံ (ဥပမာ သက်ကြီးရွယ်အို၊ သံဃာစသဖြင့်) မရှိတာကို တွေ့ရပါတယ်။ သန်သန်မာမာယောင်္ကျားကြီးများတန်မဲ့
ဦး