Showing posts with label သီချင်းများ. Show all posts
Showing posts with label သီချင်းများ. Show all posts

Wednesday, January 18, 2012

နိုင်ငံတကာ မှ အဆိုတော်များကလည်း အမေစု ကို ချစ်ခင်လေးစားကြသည်။

Photo: internet

အမေစု ကို လူချင်းမတွေ့ ဖူး၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိဖူး ကြပေမယ့်၊
  ကမ္ဘာတ၀န်းမှာ သူ့ ကို ချစ်ခင်လေးစားနေကြတဲ့ သူတွေ အများအပြားပါ။ နိုင်ငံရေးပိုင်းက ခေါင်းဆောင်ကြီးတွေ၊ ဘာသာရေးပိုင်းက ခေါင်းဆောင်ကြီးတွေ၊ ငယ်ရွယ်တဲ့ ကျောင်းသားလူငယ်တွေ၊ စီးပွားရေးပညာရှင်တွေ၊ အနုပညာသည်တွေ နဲ့...အလွှာအသီးသီးက လူတွေ ပါဝင်ကြပါတယ်။ 

'ကျွန်မ မြန်မာနိုင်ငံကပါ' လို့ ပြောရင် လူတော်တော်များများ က မြန်မာနိုင်ငံကို မသိကြပေမယ့်၊ 'ဒေါ်အောင်ဆန်းစုကြည် (သို့ မဟုတ်) the lady နေတဲ့ တိုင်းပြည်ကပါ' လို့ ပြောရင် လူတွေ သိကြပါတယ်။ မြန်မာပြည်မှာ အမေစုလို ခေါင်းဆောင်တစ်ဦးရှိနေတာ ပြည်သူလူထုအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါပဲ၊

အမေစုအတွက် နိုင်ငံတကာ က အဆိုတော်တွေ ရေးသားသီဆိုကြတဲ့ သီချင်းအချို့ ကို စုစည်း ဖော်ပြလိုက်ပါတယ်။ သီချင်းစာသားတွေ၊ သံစဉ်တွေ နဲ့  သီဆိုတဲ့ ပုံစံတွေကွဲလွဲကြပေမယ့် အမေစု ကို ချစ်ခင်လေးစားတဲ့ စိတ်တွေကတော့ တူညီကြတယ်လို့  ခံစားမိပါတယ်။ 


(၁) Spanish အဆိုတော်လို့ ထင်ရပါတယ်၊ သီချင်းကို စိတ်ပါလက်ပါ သီဆိုရင်း အမေစု ကို လေးစားကြောင်းပြနေတဲ့ သီချင်းလေးပါ။


ရန်ကုန်မြို့ က အမျိုးသမီး (The Girl From Rangoon) သီချင်း(ဗီဒီယို) ကြည့်ရန်


(၂)အမည်မသိတေးသံရှင်တစ်ဦးသီဆိုထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်အတွက် သီချင်းတစ်ပုဒ်တဲ့ 



A Song for Aung San Suu Kyi (ဗီဒီယို) ကြည့်ရန်

Monday, December 12, 2011

Lady Lady (A Song for Aung San Suu Kyi) by Tiffany Wilson

"Lady Lady" as a dedication to Burmese Democracy leader, Aung San Suu Kyi, was launched on youtube this morning. Music & Lyrics by Sara Gamon, Arranged by Galen Willet Lead Vocal: Tiffany Wilson E.  

Thank you so much for your effort for this lovely song.