Showing posts with label လောကကို အလှဆင်ကြသူများ. Show all posts
Showing posts with label လောကကို အလှဆင်ကြသူများ. Show all posts
Saturday, August 11, 2012
ကိုယ်လက်အဂ်ါ မပြည့်စုံမှု ကြောင့် မသန်မစွမ်း မဖြစ်ပါ
Photo:internet
၂၀၁၂ အိုလံပစ် အားကစားပြိုင်ပွဲ အတွင်း၊ ပွဲကြည့်ပရိသတ်တွေ ရဲ့  အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ အားကစား သမားတွေ ထဲ မှာ the fastest man on no legs” (ခြေထောက်မရှိတဲ့  အမြန်ဆုံး အပြေးသမား) လို့ တင်စားခံရတဲ့ တောင်အာဖရိက အပြေးသမား Oscar Pistorius လဲ ပါဝင်ပါတယ်။
မီတာ၄၀၀ အပြေးပြိုင်ပွဲ မှာ (ကိုယ်လက်အင်္ဂါသန်စွမ်းသူအပြေးသမားတွေ ကြားထဲ) ဒူးအောက်ပိုင်း ၂ ဖက်စလုံးပြတ်နေပြီး၊ Cheetah Flex-Foot ခေါ် ကာဗွန် ခြေတုတွေ နဲ့  အပြေးပြိုင်ဖို့ နေရာယူနေ တဲ့ အော်စကာ ရဲ့ ရုပ်ပုံတွေ က နိုင်ငံတကာ သတင်းသမားတွေ ရဲ့ အာရုံ ကို ဖမ်းစားနိုင်ခဲ့ ပါတယ်။ ပြိုင်ပွဲ ကို သွားရောက်အားပေးနေ တဲ့ ပရိသတ် ပေါင်း ၈ သောင်းကျော်ကလဲ အော်စကာ ရဲ့  နာမည် ကို အော်ဟစ်ပြီး၊ တချို့ ကလည်း အာဖရိကနိုင်ငံ အလံ ကို ဝှေ့ ရမ်းပြီး အားပေးခဲ့ကြပါတယ်။ အဲဒီ ပြိုင်ပွဲ မှာ အော်စကာ တစ်ယောက် ဒုတိယ နေရာ ကနေ ပန်းဝင်ခဲ့ပြီး၊ မီတာ ၄၀၀ အပြေးပွဲ ရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်အထိ အရောက်လှမ်းခဲ့နိုင်ပါတယ်။
“ဒီနေရာ ကို ရဖို့  ကျွန်တော် ၆ နှစ်တိုင်တိုင် ကြိုးပမ်းခဲ့ရပါတယ်” လို့  အော်စကာ က သတင်း သမား တွေ ကို ပြောပါတယ်။ 
 အသက် ၂၅ သာ ရှိသေးတဲ့ အော်စကာ ဟာ အခက်အခဲတွေ အများကြီး ကို ရင်ဆိုင် ကျော်ဖြတ် ခဲ့ရပါတယ်။ မွေးကတည်းက ခြေထောက်မှာ အရိုးအစုံအလင် မပါခဲ့တာကြောင့် အသက် ၁၁ လ အရွယ်မှာ ဒူးအောက်ပိုင်း နှစ်ဘက်စလုံး ကို ဖြတ်တောက်ခံ ခဲ့ရတယ်။ ငယ်စဉ် ကတည်းက အားကစား ကို ၀ါသနာပါတဲ့ အော်စကာ တစ်ယောက် “ကိုယ်လက်အင်္ဂါ မသန်စွမ်းမှု က သင့်ကို မသန်မစွမ်း မဖြစ်စေဘူး၊ သင့်မှာ ရှိတဲ့ အရည်အချင်းတွေ က သာ သင့်ကို သန်စွမ်းသူ  တစ်ဦး ဖြစ်စေနိုင်မှာပါ” ဆိုတဲ့ စကားကို ငယ်စဉ် ကတည်း က ယုံကြည် ကျင့်သုံးခဲ့ပါတဲ့။ ယုံကြည်တဲ့ အတိုင်း တင်းနစ်၊အပြေးပြိုင်ပွဲ နဲ့  နပမ်းပြိုင်ပွဲ တွေ မှာ ၀င်ပြိုင်ခဲ့ပြီး အသက် ၁၁ နှစ် အရွယ်ကတည်း က ပြည်နယ်နဲ့  တိုင်း  အဆင့်ဆု တွေ ကို  ရရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ဒူးခေါင်း ထိခိုက်ဒ်ရာ ရပြီး ဆေးကုသမှု ခံခဲ့ရပါတယ်။ အဲဒီ အချိန် က စပြီး အော်စကာ ဟာ တခြား အားကစားတွေ ကို ရပ်နားလိုက်ပြီး၊ အပြေးပြိုင်တဲ့ ဘက် ကို ကူးပြောင်း လေ့ကျင့်ခဲ့ ပါတယ်။ 
ခြေတု ကြောင့် ပြေးခွင့်ပိတ်ပင်ခံရ
အော်စကာ ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အပြေးပြိုင်ပွဲတွေ မှာ ရွှေတံဆိပ်ဆုတွေ ကို အလွယ်တကူ ဆွတ်ခူးရခဲ့ပေမယ့်၊ ကိုယ်လက်အင်္ဂါစုံတဲ့ အားကစားတွေ နဲ့  တန်းတူယှဉ်ပြိုင်ခွင့် ကို လွယ်လွယ်နဲ့  မရခဲ့ပါဘူး။
၂၀၀၇ ခုနှစ်တုန်းက International Association of Athletics Federation (IAAF) အဖွဲ့ ကြီးက သူ့ ရဲ့  ခြေတုတွေ ကြောင့် အော်စကာ က ပိုပြီး မြန်မြန်ပြေးနိုင်တယ်၊ ဒါကြောင့် တခြားပြိုင်ပွဲ ၀င်သူတွေ အတွက် မျှတမှု မရှိဘူးဆိုပြီး သူ့ ကို ပြိုင်ပွဲဝင်ခွင့် ကနေ ထုတ်ပယ်ခဲ့ဖူးပါတယ်။ ဇွဲကောင်းတဲ့ အော်စကာ က အလျော့မပေးပဲ၊ တရားရုံးမှာ အယူခံဝင်ခဲ့ပြီး နိုင်ငံတကာ က ပညာရှင်တွေ နဲ့  စမ်းသပ်စစ်ဆေးမှုတွေ အမျိုးမျိုး ကို ခံယူခဲ့ပါတယ်။ “ကိုယ်လက်အင်္ဂါမပြည့်စုံပေမယ့် အရည်အချင်း ရှိတဲ့ အားကစားတွေ ကို သာမာန် အားကစားသမားတွေ နဲ့  တန်းတူညီတူ ၀င်ပြိုင်ခွင့် ရရှိတဲ့ အထိ ကျွန်တော် ဆက်ပြီး အယူခံဝင်သွားမှာ ဖြစ်တယ်” လို့  ပြောဆိုပြီး ယုံယုံကြည်ကြည်နဲ့  အယူခံ ၀င်ခဲ့ ပါတယ်။
အမေရိကန်၊ ဆွစ်ဇာလန် အစရှိတဲ့ နိုင်ငံ က ပညာရှင်တွေ ရဲ့ စမ်းသပ်လေ့လာမှု အမျိုးမျိုးကို ခံယူပြီးတဲ့ အခါ အော်စကာ အသုံးပြုတဲ့ ခြေတု ဟာ ပေါ့ ပါးတဲ့ အတွက် တခြားသူတွေ ထက် ပိုပြေးနိုင်တယ် လို့  ထင်ရပေမယ့်၊ တာထွက်ခါနီးအချိန်၊ ကွေ့ တဲ့ အချိန် နဲ့  အရှိန်ရလာတဲ့ အခါ အပေါ် ကို မြောက်တက် သွားတဲ့ အတွက် သူ့ ရဲ့ ပြေးနှုန်းကို ထိခိုက်စေတာ တွေ ကို ပညာရှင်တွေ က တွေ့ ရှိခဲ့ပြီး၊ အော်စကာ ရဲ့  ပြေးနှုန်း ဟာ သူ့ ခြေတု ကြောင့် ပို ပြီး ကောင်းမွန်စေ တာ မဟုတ် ကြောင်း ပြသနိုင်ခဲ့တဲ့ အတွက် Court of Arbitration for Sport (CAS)  တရားရုံး က ၂၀၀၈ ခုနှစ် မေလ မှာ၊ အော်စကာ့ ကို  ခြေလက်အင်္ဂါစုံသော အပြေးသမားများနဲ့  တန်းတူ ၀င်ပြိုင်ခွင့် ကို ပေးခဲ့ပါတယ်။ 
၂၀၀၈ ခု အိုလံပစ် နဲ့  လွှဲ ရပြန်
photo:internet
၂၀၁၂ အိုလံပစ်
၂၀၁၂ မှာတော့ အော်စကာ့ အိပ်မက်တွေ အကောင်ထည်ပေါ်လို့  လာပါပြီ။
အော်စကာ ဟာ အိုလံပစ် အားကစားပြိုင်ပွဲ တွေ ရဲ့ သမိုင်းမှာ  ကိုယ်လက်အင်္ဂါစုံသော အပြေးသမား များနှင့် တန်းတူ ပြိုင်ပွဲ ၀င်ခွင့်ရတဲ့ ပထမဦးဆုံးသော  ခြေတု ၂ချောင်းတပ် အားကစားသမား ဖြစ်လို့  လာပါတယ်။
မီတာ ၄၀၀ ပြိုင်ပွဲ မှာ အော်စကာ က ၄၅ ဒသမ ၄၄ စကန့် နဲ့  ဒုတိယနေ ရာမှာ ပန်းဝင်ခဲ့ပြီး ဆီမီးဖိုင်နယ် ကို ပါသွားခဲ့ပါတယ်။ နောက်ဆုံးပြိုင်ပွဲတွေ မှာ ဆုတံဆိပ်တွေ မရခဲ့ပေမယ့် အော်စကာ က  “ဒီပြိုင်ပွဲ မှာ ကျွန်တော့ ဘ၀ တလျှောက်လုံး အမြဲ အမှတ်ရနေမယ့် ပြိုင်ပွဲ ပါပဲ” လို့  ပြုံးပြုံးရွှင်ရွှင် ပြောပါတယ်။ 
 နိုင်ငံပေါင်းစုံ က အကောင်းဆုံး ဆန်ကာတင် ရွေးချယ်ပြီး ရောက်လာတဲ့ ကိုယ်လက်အင်္ဂါစုံ အားကစားတွေ နဲ့  ယှဉ်ပြိုင် ပြေးရတဲ့ပွဲ၊ သူ နှစ်ပေါင်းများစွာ ကြိုးစားပြီး တိုက်ပွဲဝင်လာရတဲ့ ပြိုင်ပွဲ ၀င်ခွင့် အခွင့်အရေးတွေ တကယ်ရရှိလာတဲ့ အတွက်၊ စိတ်လှုပ်ရှားပြီး ပျော်နေတဲ့ အော်စကာ ရဲ့  ရုပ်ပုံတွေ က သတင်းသမားတွေ ကို ဖမ်းစားခဲ့ပါတယ်။
ကိုယ်လက် အင်္ဂါ ချို့ တဲ့ မှု ကြောင့်  “မသန်စွမ်းသူတွေ” လို့  သတ်မှတ်လို ခံရ သူတွေဟာ.. ဘ၀ရဲ့ ရပိုင်ခွင့်တွေ၊ လူသားအခွင့်အရေးတွေ ကို ရယူပိုင်ဆိုင်ဖို့  မစွမ်းဆောင်နိုင်တဲ့သူတွေ မဟုတ်ကြဘူး.. ဆိုတာ ကို အော်စကာ က သက်သေပြလိုက်ပါပြီ။ 
(မြန်မာပြည်တွင်း က မေရီချက်မင်းကျောင်း မှ ဆွံ့ အ နားမကြားသော ကလေးသူငယ်များ၊ သမိုင်း ဆေးရုံ မှ ကိုယ်လက်အင်္ဂါချို့ သော လူနာများ ၏ နာကျင်မှုများ၊ အားငယ်ရိပ်လွှမ်းနေသော မျက်ဝန်းများ ကို မြင်ယောင် မိပြီး ဒီဆောင်းပါး ကို ရေးသားရခြင်းဖြစ်ပါသည်။
မစုဥာဏ်
Tuesday, May 22, 2012
ရိုင်းပင်းကူညီမှု ကို လက်ဆင့်ကမ်းကြသူများ
နယူးယောက်မြို့  ကို ရောက်ရှိလာတဲ့ ကိုကျော်သူနဲ့  မရွေဇီးကွက်
အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေကြတဲ့ ကိုကျော်သူ နဲ့  မရွေဇီးကွက် တို့  ဇနီးမောင်နှံ ကို ရောက်လေရာ မြို့ တွေ မှာ မြန်မာမိသားစုတွေ က  အခမ်းအနားတွေနဲ့  ၀ိုင်းဝန်းကြိုဆိုနှုတ်ဆက်ကြ ပါတယ်။
ယခင်က နယူးယောက်မှာ အခမ်းအနားတွေ ကျင်းပတဲ့ အခါ (ဥပမာ..နိုင်ငံရေးသမားတွေ ကျင်းပတဲ့ ပွဲ၊ ဘုန်းကြီးပွဲ ၊ ယူအဲန်မှ မြန်မာမိသားစုပွဲ စသဖြင့်) များသော အားဖြင့် သူ့ အဖွဲ့  နဲ့  သူ ပဲ ကျင်းပ ကြလေ့ရှိပေမယ့်၊ ကိုကျော်သူတို့  ကို ကြိုဆိုတဲ့ ပွဲမှာတော့ အသက်အရွယ်မရွေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ အဖွဲ့ အစည်းပေါင်းစုံ က မြန်မာတွေ တက်ရောက် လာကြပြီး ကိုယ့်တာဝန်နဲ့  ကိုယ်  ၀ိုင်းဝန်း ကူညီ ကြတာကို မြင်ရသလို၊ အမေရိကန်လူမျိုး တစ်ဦးက ချက်လက်မှတ် တစ်စောင် ကောက် ရေးပြီး လှူဒါန်းနေတာ    မြင်ရတော့ ကျွန်မခေါင်းထဲ အတွေးတွေ ၀င်လာတယ်။ 
အတွေး(၁) 
ရုပ်ရှင်မင်းသားဘ၀ မှ သုဘရာဇာ ဘ၀ ကို ပျော်ပျော်ကြီး ခြေစုံပစ် ၀င်ခဲ့တဲ့ ကိုကျော်သူ...
      သေသောသူ များ ကို သုသန်သို့  ကောင်းမွန်စွာပို့ ဆောင်ပေး ကာ..
            ကျန်ရစ်သူ မိသားစု ရဲ့  အပူမီးကို လျော့ချပေး နိုင် ရုံသာမက...
                      ပြည်ပရောက်မြန်မာများကို စည်းရုံးရေး မိန့် ခွန်း ပြောစရာ မလိုပဲ
                                                           စည်းလုံးခြင်း လမ်းစ ပေါ်  ဆွဲတင်ပေးနိုင်ပါလားလို့ ...
အတွေး(၂)
ကိုယ်တန်ဖိုး ထားတဲ့ အရာတွေ ကို စွန့် လွတ်ပြီး  အနစ်နာခံ ကြသူများဟာ၊ အဲဒီအရာတွေကို တကယ် မဆုံးရှုံးပါဘူး။ ကိုယ်တန်ဖိုးထားတဲ့ အရာကို တခြားသူတွေ ဆီ ပြန် ပြီး လက်ဆင့်ကမ်းပေးလိုက်ခြင်း သာ ဖြစ်တယ်။ (အမည်မသိ အဂ်လိပ်စာဆို) 
ကိုကျော်သူတို့ ဇနီးမောင်နှံ နဲ့  နာရေးကူညီမှုအသင်းရဲ့  လက်တွေ့ ကျကျလုပ်ဆောင်မှု၊ လူအချင်းချင်း ရိုင်းပင်းကူညီမှုတွေ ဟာ မြင်ရသူ၊ ကြားသိရသူများ ကို လက်ဆင့်ကမ်း ကူးစက်စေပါတယ်။
အတွေး(၃) 
၁၀ နှစ်ကျော် ကာလ အတွင်း အတားစီး၊ အခက်အခဲတွေ၊ ခြိမ်းခြောက်မှုတွေ ကို ကြုံတွေ့ ရတိုင်း ကိုကျော်သူနဲ့  တကွ နာရေးကူညီမှု အသင်းမှ ၀န်ထမ်းများ က
"သူ့ ကို ကူညီလိုက်ရင် ငါဘာဖြစ်သွားနိုင်သလဲ" ဆိုတဲ့ မေးခွန်း အစား "ငါသာ မကူညီရင်၊ သူဘာဖြစ်သွားနိုင်သလဲ" ဆိုတဲ့ မေးခွန်းတွေ နဲ့  ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်တယ် လို့ ကျွန်မ ယုံကြည်တယ်။ 
Saturday, December 31, 2011
သံတိုင် နောက်ကွယ်က သူရဲကောင်း မေမေ
(လာမယ့်ဇန်န၀ါရီလ (၄)ရက်နေ့ မှာ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွတ်ပေးမယ်ဆိုတဲ့ သတင်းတွေ  ကြားနေရပေမယ့် ဘယ်သူတွေ ပါမယ်၊ ဘယ်နှစ်ယောက် လွတ်ပေးမယ်ဆိုတာ မသိရသေးပါဘူး။ သံတိုင်ခြားနေတဲ့ အမေနဲ့ သားသမီးများအတွက် ရည်စူးပြီး ဒီဆောင်းပါး ကို တဖန်ပြန် တင်ပေးလိုက်ပါတယ်။) 
                              မစုဥာ်
***********************************************************************
အခုနှစ် အစောပိုင်း ဂျပန်နိုင်ငံမှာ မြေငလျင်လှုပ်တုန်းက သတင်းတပုဒ်မှာ၊ သုံးလသား အရွယ် ကလေးငယ်တစ်ဦးကို သူ့ အမေက အသက်ပေးကယ်တင်သွားတဲ့အကြောင်း ဖတ်လိုက်ရတော့ ကျွန်မ စိတ်ထဲတော်တော် တုန်လှုပ်မိပါတယ်။ ဂျပန်အမျိုးသမီးဟာ သုံးလသားအရွယ်ကလေးငယ် ရဲ့ အပေါ်မှာ အုပ်မိုးပြီး၊ အပေါ်က ပြိုကျလာနေတဲ့ အုတ်ခဲ အပိုင်း အစတွေကို သူ့ ကိုယ်နဲ့  ကာကွယ်ပေးပြီး အသက်အသေခံသွားခဲ့ပါတယ်။ ကိုယ့်သားသမီးအတွက် အသက်ကို စွန့်  လွတ်ဖို့  တောင် ၀န်မလေး တဲ့ မိခင်မေတာက အနှိုင်းအဆမဲ့ကြီးမြတ်လှပါတယ်။ တချိန်တည်းမှာ ပဲ အများ အကျိုး သယ်ပိုးနေရတဲ့ အတွက် ကိုယ့်သားသမီးကို လျစ်လျူရှုထားရတဲ့  အမေတွေ၇ဲ့  ၇င်ထဲမှာ ဘယ်လိုရှိမလဲလို့  ကျွန် မ တွေးမိတယ်။ ဥပမာ ထောင် ၆၅ နှစ်အချခံထားရတဲ့  ၈၈ကျောင်းသူ မနီလာသိန်းလို လသားအရွယ် သမီးငယ်ကို ကျောခိုင်းပြီး အများအကျိုး အတွက် ဆောင်ရွက်ခဲ့တဲ့ အဖြစ်မျိုးမှာ သမီးကို ထွေးပွေးယုယခွင့် မရတဲ့ အမေတစ်ယောက်အနေနဲ့  ဘယ်လောက်များ ပင်ပန်း ဆင်း၇ဲလိုက်မလဲ။
“ကျွန်မသမီးကို ကျွန်မအရမ်းချစ်ပါတယ်၊ တချိန်ချိန်မှာ ကျွန်မအပေါ်ကို သမီး နားလည် လာလိမ့်မယ် လို့  မျော်လင့်ပါတယ်” လို့  သူမအဖမ်းမခံရခင် ရာဝတီ သတင်းဌာနနဲ့  အင်တာဗျူးတစ်ခုမှာ မနီလာသိန်းက ပြောသွား ခဲ့ပါတယ်။ 
Nilar Thein, an activist/political prisoner from Burma who is currently serving her 65 years of sentence in Thayet prison, she left her five months old daughter and fought for her country. 
Wednesday, December 28, 2011
မိုက်ကယ်အဲရစ်၏ လူသိနည်းသော စွန့် လွတ်အနစ်နာခံမှု အကြောင်း တစေ့တစောင်း
Michael Aris, Aung San Suu Kyi and their first son Alexander, in 1973 Photo: ARIS FAMILY COLLECTION/GETTY IMAGES
(၀န်ခံချက်၊ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် မိုက်ကယ်အဲရစ်အကြောင်း ကို ကျွန်မဖတ်ဖူးသော အင်တာနက် စာမျက်နှာများမှ အချက်အလက်များအား ကိုးကားပြီး မိုက်ကယ်အဲရစ်နေရာမှ ၀င်ရောက်ခံစားကာ မိမိဘာသာ ရေးသားထားခြင်းဖြစ်ပါသည်။ တစုံတရာ အမှားအယွင်းရှိခဲ့ပါက စာရေးသူရဲ့ တာဝန်သာဖြစ်ပါကြောင်း။) 
 *************************************************************************
အပြင်မှာ ကျနေတဲ့ နှင်းဖွဲလေးတွေကို ကြည့်ရင်း နှင်းတွေဖုံးလွှမ်းနေတဲ့ ဘူတန်နိုင်ငံ က တောင်တန်းတွေ ကို ကိုယ် သတိရမိတယ်။ အဲဒီတုန်းက ကိုယ်က ဘူတန်ဘုရင်မိသားစုဝင်တွေ ကို စာသင်ပေးနေတဲ့အချိန်၊ စု ကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ သုသေသနပြုလုပ်ငန်းတွေ လုပ်နေတဲ့အချိန်ပေါ့ ။ ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ကိုယ်တို့  နှစ်ယောက် အပူအပင် ကင်းကင်းနဲ့  အများအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့ ကြတယ်လေ။