Showing posts with label News. Show all posts
Showing posts with label News. Show all posts

Wednesday, September 12, 2012

ဦးခွန်ထွန်းဦးအား အမေရိကန်ပြည်ထောင်စုရောက် ရှမ်းတိုင်းရင်းသားများ ဂုဏ်ပြုကြိုဆိုမည်


၂၀၁၂ ဒီမိုကရေစီ ဆု ကို လက်ခံရယူဖို့  အမေရိကန်ပြည်ထောင်စု ကို မကြာခင် ရောက်ရှိလာတော့ မယ့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ကို ဂ်ုပြု ကြိုဆိုဖို့ အတွက် အမေရိကန်ပြည်ထောင်စုရောက် ရှမ်းတိုင်းရင်းသားများက ပြင်ဆင်လျှက်ရှိကြပါတယ်။ 

ကယ်လီဖိုးနီးယားပြည်နယ် လော့(စ်)အိန်ဂျလစ် မြို့ အခြေစိုက် "California Shan Social & Cultural Society" (CSSCS) က ဦးစီးပြီး ဦးခွန်ထွန်ဦး အတွက် ဂ်ုပြုညစာစားပွဲ တစ်ရပ် ကို စက်တင်ဘာလ ၂၉ ရက်နေ့ ည နေမှာ ကျင်းပသွားဖို့  စီစဉ်ထားကြောင်းသိရပါတယ်။ ညစာစားပွဲ ကို လော့(စ်)အိန်ဂျလစ်မြို့ မှာ ကျင်းပသွားမှာဖြစ်ပြီး၊ တက်ရောက်လိုသူများ အနေဖြင့် 
saihtwe@shan-missions.com ကို ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရပါတယ်။  



၂၀၁၂ ဒီမိုကရေစီဆု နှင့် ပတ်သက်ပြီး  CSSCS ဥကဌ ဒေါက်တာစိုင်းထွေးမောင် က "၂၀၁၂ ဒီမိုကရေစီဆု ရှင်တွေ ကြေငြာတဲ့ အခါ ကိုမင်းကိုနိုင် တို့ နဲ့ အတူ ဦးခွန်ထွန်းဦး နာမည် ပါ တွေ့ ရတော့၊ ရှမ်းတိုင်းရင်းသား တစ်ယောက် အနေနဲ့  အတိုင်းမသိ ၀မ်းသာမိပါတယ်။ ဦးခွန်ထွန်းဦးဟာ တိုင်းရင်းသားတွေ တန်းတူညီတူ အခွင့်ရေးရဖို့ အတွက်၊ ဒီမိုကရေစီ အရေး အတွက် ကိုယ်ကျိုးစွန့်  အနစ်နာခံပြီး လှုပ်ရှားနေတဲ့ ခေါင်းဆောင်တစ်ဦးပါ။ ဒီဆုဟာ ဦးခွန်ထွန်းဦး တစ်ယောက်တည်း အတွက် သာမကာ ရှမ်းလူမျိုးတွေ အတွက်၊ တိုင်းရင်းသားတွေ အတွက်ပါ အရေးကြီးတဲ့ ဆုလို့  ကျွန်တော်မြင်ပါတယ်။ ဦးခွန်ထွန်းဦး ရဲ့ လုပ်ရပ် ကို အသိအမှတ်ပြုတဲ့ဆု၊ထောက်ခံတဲ့ လုပ်ရပ်၊ တနည်းအားဖြင့် မြန်မာ့ဒီမိုကရေစီရေး အတွက် ရုန်းကန်နေရမှု တွေ ကို အသိအမှတ်ပြုတဲ့ဆု လို့  ကျွန်တော်မြင်ပါတယ်" လို့ ပြောပါတယ်။ 
 
ဒေါက်တာစိုင်းထွေးမောင် နေတဲ့ နေရာဟာ ဦးခွန်ထွန်းဦး ဆုလက်ခံမယ့် ၀ါရှင်တန်ဒီစီ နဲ့   မိုင်ပေါင်း ၁၀၀၀ ကျော်ဝေးပေမယ့်၊ ၀ါရှင်တန်ဒီစီ ကို အရောက်သွားကာ ဆုပေးပွဲ ကို တက်ရောက်မှာဖြစ်ကြောင်း၊ နယူးယောက်၊ Connecticut နဲ့  တခြားမြို့ တွေ မှာ နေထိုင်နေကြတဲ့ ရှမ်းတိုင်းရင်းသားများကလည်း ၀ါရှင်တန်ဒီစီသို့  သွားရောက်ကာ ဦးခွန်ထွန်းဦးနှင့် တွေ့ ဆုံရန် ပြင်ဆင်နေကြကြောင်းသိရပါတယ်။ 

Thursday, September 6, 2012

၂၀၁၂ ဒီမိုကရေစီ ဆု ကို မြန်မာ့အရေးလှုပ်ရှားနေသူများအား ချီးမြှင့်မည်

Photo: NED.org
  မြန်မာ့ဒီမိုကရေစီရေး အတွက် လှုပ်ရှားမှုများကိုပြုသည့် အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန် အခြေစိုက် National Endowment for Democracy (NED) အဖွဲ့ ကြီး က “၂၀၁၂ ဒီမိုကရေစီဆု”  ကို မြန်မာ့ဒီမိုကရေစီ အရေး နှင့် လူမှုရေးလုပ်ငန်းများ အတွက် လှုပ်ရှားဆောင်ရွက်နေကြ  သူများဖြစ်သည့် .....

  • ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး (ဥကဌ၊ SNLD)
  • နာရေးကူညီမှုအသင်းမှ ဥကဌ ကိုကျော်သူ
  • ထိုင်း-မြန်မာနယ်စပ် ရှိ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်ဒီယာမောင်
  • ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
  • US Campign for Burma အဖွဲ့ မှ ကိုအောင်ဒင် 
                  .....တို့ ၅ ဦးအား ချီးမြင့်ရန် ရွေးချယ်ထားကြောင်းသိရသည်။ 

အဆိုပါ ဆုအတွက် ဆုပေးပွဲ ကို လာမည့် စက်တင်ဘာလ ၂၀ ရက်နေ့ တွင် အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီ ရှိ Capitol Hill တွင် ကျင်းပသွားမည်ဖြစ်ပြီး၊ ဆုပေးပွဲအခမ်းအနား ကို   မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တက်ရောက် အမှာစကား ပြောကြားမည်ဖြစ်သည်။  
ဆုပေးပွဲကျင်းပမည့် ၀ါရှင်တန်ဒီစီ ရှိ Capitol Hill

၁၉၈၃ ခု တွင် စတင် ဖွဲ့ စည်းခဲ့သည့် NED အဲန်ဂျီအို အဖွဲ့ သည် US Congress (အမေရိကန်လွှတ်တော်) ငွေကြေးထောက်ပံ့မှုဖြင့် ရပ်တည်နေသည့် အဖွဲ့  ဖြစ်ပြီး၊ နိုင်ငံပေါင်း ၉၀ ကျော် တွင် ရုံးခွဲများဖွင့်လှစ်ထားရှိကာ နှစ်စဉ် အဖွဲ့ ပေါင်း ၁၀၀၀ ကျော်အတွက် ငွေကြေးထောက်ပံ့ခြင်း၊ ဒီမိုကရေစီ စာစောင်များထုတ်ဝေခြင်း၊ သင်တန်းများပေးခြင်း အပါအ၀င် လှုပ်ငန်းပေါင်းများစွာ ဖြင့် ကမ္ဘာအရပ်ရပ်မှ ဒီမိုကရေစီ လှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးနေသည့် အဖွဲ့ ကြီးဖြစ်သည်။ အဲန်ဂျီအို အဖွဲ့ အနေဖြင့် လှုပ်ရှားဆောင်ရွက်နေသော်လည်း၊ US State Department  အစိတ်အပိုင်းတစ်ခုဖြစ်သည့် USAID ( U.S.agency for Development Assistance) မှ နှစ်စဉ် အသုံးစားရိတ်များ ခွဲဝေ ပေးခြင်းခံရသည့် အဖွဲ့ ဖြစ်သည်။၂၀၁၁ ဒီမိုကရေစီ ဆု ကို ဒူနီးရှီးယန်း နှင့် အီဂျစ်နိုင်ငံမှ နိုင်ငံရေးလှုပ်ရှားသူ များ အား ပေးအပ်ခဲ့သည်။ 

ဆုပေးပွဲ အခမ်းအနားသို့ ရောက်ရှိလာမည့် အဆိုပါ ခေါင်းဆောင်များ နှင့် ဆုံတွေ့ ရန် အမေရိကန်ပြည်ထောင်စုရှိမြန်မာများ က စိတ်လှုပ်ရှားနေကြကြောင်း၊ မြို့ အလိုက် အစည်းအဝေးပွဲ များ ကျင်းပပြီး ကြိုဆိုရေး၊ တွေ့ ဆုံရေး အတွက် ပြင်ဆင်နေကြကြောင်း သိရပါသည်။

http://littlevoiceenglish.blogspot.com/2012/09/2012-democracy-award-will-be-given-to.html
 http://www.ned.org/events/democracy-award/2012-democracy-award

ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများတွေ့ ဆုံ မည်