Thursday, June 14, 2012

ဥရောပရောက် အမေ့ ပုံရိပ်များ (၁)

 မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့  ၁၈ ရက် သာကြာမြင့်မယ့် ပြည်ပခရီးစဉ် ကို ဇွန်လ ၁၃ ရက်နေ့ က စတင်လိုက်ပြီဖြစ်ပြီး၊ ပထမဆုံး အနေနဲ့ ဆွစ်ဇာလန်နိုင်ငံ၊ ဒုတိယ အနေနဲ့ နော်ဝေးနိုင်ငံ၊ ထိုမှ တဆင့် အိုင်ယာလန်၊ ဗြိတိန် နှင့် ပြင်သစ် နိုင်ငံ စတဲ့ ၅ နိုင်ငံ တို့ ကို သွားရောက် မှာဖြစ်ကြောင်း သိရပါတယ်။ အမေစု ဟာ ဇွန်လ ၁၉ ရက်နေ့ မှာ ကျရောက်မယ့် ၆၇ နှစ်မွေးနေ့ ပွဲ ကို ဗြိတိန်နိုင်ငံ ရှိ၊ မိသားစုဝင်တွေနဲ့  ကျင်းပဖို့ စီစဉ်ထားတယ်လို့  သိရပါတယ်။

အသက်အရွယ်နဲ့  မမျှအောင် အလုပ်များလွန်းတဲ့ ဒေါ်ဆောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၄ ရက်နေ့ 
ဆွစ်ဇာလန်က သတင်းစာရှင်းလင်းပွဲမှာ အခုလို အော့အန်ခဲ့ပြီး ခနတာ အနားယူခဲ့ရပါတယ်။

In this image taken from AP Television News Myanmar opposition leader Aung San Suu Kyi, left,  throws up after becoming ill at a press conference in Bern, Switzerland, Thursday, June 14, 2012. Suu Kyi said she felt exhausted after her long trip from Asia to Europe. A spokesman for the Swiss Foreign Ministry said Suu Kyi recovered enough to briefly attend a reception with government officials but then retired to her room. Suu Kyi was her first trip to Europe since 1988.
Photo: AP TV

ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောရေးဆိုခွင့် ရှိသူ က ဒေါ်စု ဟာ ခရီးပန်းလွန်းတာကြောင့် ရယ်၊ နေ့ ည  အချိန်အပြောင်းလဲ တွေ ကို ချက်ခြင်း ကျင့်သားမရသေးတဲ့ အတွက် ရယ် နေမကောင်း တာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

In this image taken from AP Television News Myanmar opposition leader Aung San Suu Kyi,  puts her hand to mouth before becoming ill at a press confernce in Bern, Switzerland, Thursday, June 14, 2012. Suu Kyi said she felt exhausted after her long trip from Asia to Europe. A spokesman for the Swiss Foreign Ministry said Suu Kyi recovered enough to briefly attend a reception with government officials but then retired to her room. Suu Kyi was her first trip to Europe since 1988.
Photo: AP TV
Myanmar opposition leader Aung San Suu Kyi, left, and Swiss Federal Councillor and Minister of Foreign Affairs  Didier Burkhalter, centre, walk together in Bern, Switzerland, Thursday, June 14, 2012, during her first trip to Europe since 1988. Suu Kyi later became ill during a press conference and a spokesman for the Swiss Foreign Ministry said Suu Kyi recovered enough to briefly attend a reception with government officials but then retired to her room.
Photo: AP

 ဇွန်လ ၁၄ ရက်နေ့၊ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ် ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတာကို ခန်းမတွင်း ရှိ နိုင်ငံ အသီးသီးမှ   ခေါင်းဆောင်များ က လက်ခုပ်သြဘာသံတွေ နဲ့ မတ်တပ်ရပ် ကြိုဆိုခဲ့ပါတယ်။ နောက်ပြီး ဒေါ်စု မိန့် ခွန်းပြောနေစဉ် ကာလမှာပဲ မကြာခန လက်ခုပ်သြဘာသံများ ပေါ်ထွက်လာပြီး၊ တချို့ က မတ်တပ်ရပ် အသိမှတ်ပြုခြင်းများကို လည်း ခံခဲ့ရတယ် လို့ နယူးယောက်(ခ) တိုင်း နဲ့ AP သတင်းမှာ ရေးသားထားပါတယ်။ 

 
ပြည်တွင်းက ညီလာခံမှာပဲ အမျိုးသမီးတွေ နည်းနေတယ် ထင်မိတာ၊ ဒီမှာလဲ ဒို့ ခေါင်းဆောင်က အမျိုးသားတွေကြားမှာ ရဲရဲရင့်ရင့်နဲ့  ပွဲလည်တင့်လို့ ။  
 
Photo: Reuters

ညီလာခံ ပြင်ပမှာလည်း အခုလို လက်မှတ်ရေးထိုး ဖို့  တောင်းဆိုသူတွေ နဲ့  ၀ိုင်းဝိုင်းလည်နေခဲ့ပါတယ်။
မြန်မာဝတ်စုံနဲ့ ကျက်သရေရှိရှိ လှနေတဲ့ ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦး နားမှာ  အလွှာအသီးသီး နဲ့  အသားရောင် အမျိုးမျိုးသော လူတွေက ချစ်ကြည်စွာ၊ လေးစားစွာနဲ့  ကြိုဆိုကြ၊ ၀ိုင်းပြီး လက်မှတ်ထိုးခိုင်းကြတဲ့ ပုံတွေ မြင်ရဟာ အင်မတန်မှ ကြည်နှူးစရာ ကောင်းလှပါတယ်။ ဒေါ်စုရဲ့  အားနည်းချက်တွေ ကို ရှာကြံပြီး တိုက်ခိုက်နေသူတွေ ကိုယ်တိုင် မငြင်းနိုင်တဲ့ အချက်တစ်ခု ကတော့ ကမာက ချစ်တဲ့ မြန်မာ့ခေါင်းဆောင် ဆိုတာ ဒေါ်စုပဲ ဖြစ်တယ် ဆိုတာ ကို ပါပဲ။

Myanmar's pro-democracy leader Aung San Suu Kyi signs autographs outside the Swiss Parliament in Bern June 14, 2012. Myanmar prisoner-turned-parliamentarian Aung San Suu Kyi began a tour of Europe almost certain to attract the kind of fanfare that will...


(မှတ်မှတ်ရရ၊ အစိုးရဟောင်း လက်ထက်တုန်းက အစိုးရဘက်က အရာရှိတွေ ကုလသမဂညီလာခံ လာတက်တော့ လူတွေ ၀ိုင်းပြီး ဆနပြလို့  နယူးယောက်မြို့ လယ်က ဟိုတယ်ကနေ အပြင်ထွက်ရင်တောင် လှုံခြုံရေးရဲတွေ က ၀ိုင်းပြီး အကာကွယ်ပေးခဲ့ရတာ သွား သတိရလိုက်မိပါသေးတယ်)  

 ညီလာခံမိန့်ခွန်းထဲမှာ မြန်မာအလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ဥပေဒေတွေ ပြဋ္ဌာန်းပြီး အကာကွယ်ပေးဖို့ ၊ လက်ရှိ မြန်မာပြည်မှာ သုံးနေတဲ့ ဥပဒေတွေဟာ ခေတ်နဲ့မလျော်ညီတော့သလို မျှတမှုလည်းမရှိတဲ့ အကြောင်း၊ တချို့ဥပဒေတွေ က မြန်မာလို ဘာသာပြန် ရေးသား ထားတာတောင် မရှိသေးတဲ့ အကြောင်း၊ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာ ဘယ်လောက်ရှိရမယ် ဆိုတာမျိုးတွေကို  ဥပဒေအရ ပြဋ္ဌာန်းထားတာလဲ မရှိတဲ့ အကြောင်း အလုပ်သမားတွေ ရဲ့ ကိုယ်စား အမေစု က အရေးဆိုပေးခဲ့ပါတယ်။   

 
 
 
မန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရေးနဲ့  ပတ်သက်ပြီး အမေစု က....ခရီးသွားလာရေး လုပ်ငန်းများမြင့်တင်ရေး၊ တယ်လီဆက်သွယ်ရေးပိုင်းဆိုင်ရာ တိုးတက်ရေး၊ လူငယ်များအတွက် အလုပ်အကိုင် အခွင့်လမ်းများတိုးတက်ရေး အတွက် ၀ိုင်းဝန်း ရင်းနှီးမြှုပ်နှံကြ၇န် တိုက်တွန်းပြောဆိုခဲ့ပေမယ့်၊ အစိုးရ နဲ့ ဖက်စပ်လုပ်ကိုင်တဲ့ာတ်ငွေ့ ပိုက်လိုင်း နဲ့  ရေနံ လုပ်ငန်းတွေ မှာ ပြင်ဆင်သတ်မှတ်ခြင်းတွေ မပြုလုပ်သေးသရွေ့  ရင်းနှီးမြှုပ်နှံခြင်း မပြုသင့်သေးတဲ့ အကြောင်း သတိကြီးစွာနဲ့  ပြောဆိုခဲ့ပါတယ်။  


Photo: AP, Aung San Suu Kyi welcomed by federal councillor and Minister for Foreign Affairs, Didier Burkhalter, right, in Bern, Switzerland, Thursday, June 14, 2012

အမေစု နဲ့  အတူ  ဦးခွန်သာမြင့်၊ ဒေါက်တာ တင်မာအောင်၊ ကိုဇေယျာသော်နဲ့ ကိုနေခြည်ဝင်းတို့ ၄ ဦး လိုက်ပါသွားပါတယ်။ သောကြာနေ့ မှာ နော်ဝေးနိုင်ငံ ကို ထွက်ခွာကြမှာဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၂၁ နှစ်က သူမ ကို ချီးမြှင့်ခဲ့တဲ့ ငြိမ်းချမ်းရေး နိုဗလ်ဆု ကို လက်ခံရယူမှာဖြစ်တယ်။ နိုဗလ်ဆုချီးမြှင့်ရေးကော်မတီ က အကြီးအကဲ Thorbjoern Jagland က  "ဒီဆုချီးမြှင့်မဲ့ အခမ်းအနားဟာ နိုဗလ်ဆု ပေးပွဲ အခမ်းအနား တွေရဲ့ သမိုင်းအ၀င်ဆုံး အခမ်းအနားဖြစ်လိမ့်မယ်" လို့  ပြောဆိုနေကြောင်းပါ။ 
                                                                                               
                                                                                      မစုဥာဏ်
(ကိုးကား၊ AP, The New York Times, Reuters သတင်းဌာနများမှ အချက်အလက်များ နှင့် ပုံများ မှီငြမ်းပါသည်, References: AP, The New York Times, Reuters)  
            







No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။