|
မစုစုနွေးနှင့် ကိုကျော်ကျော်ထွေး (ပုံ- Shwe Thanzin facebook) |
ခက်ခဲကြမ်းတမ်း
မြန်မာ့ နိုင်ငံရေးခရီးလမ်းမှာ
နှလုံးသားများစွာ
ကြေမွခဲ့ရတယ်။
နုပျိုချိန်မှာ
ခပ်ကြမ်းကြမ်းခုန်နေတဲ့ ရင်က
“ချစ်သူ…ချစ်သူ”
ဆိုတဲ့ ရင်ခုန်သံ အစား
“ပြည်သူ…ပြည်သူ”
လို့  မြည်ကြွေးနေခဲ့တယ်။
ခက်ခဲကြမ်းတမ်း
ဒီမိုကရေစီ ခရီးလမ်းမှာ
ကမ်းနေတဲ့
ချစ်သူ့ လက်ဖ၀ါး နုနု အစား
အေးစက်မာကြောနေတဲ့ လက်ထိပ်တွေ ကို ရွေးခဲ့ကြတယ်။
မင်္ဂလာပန်းခင်း ပေါ်
လျှောက်လှမ်းရမယ့် အစား
သံတိုင်နောက်
ရောက်သူ က ရောက်
ချစ်သူ ပျောက်သူ က ပျောက်ခဲ့ရတယ်။
ကျောင်းသားအရေး၊
အလုပ်သမားအရေးကြောင့်
သံတိုင်နောက်ရောက်၊
ရင်ခုန်သံ ပျောက်လုလု ဖြစ် ခဲ့သူ နှစ်ဦး
ထောင်တံခါးတွေ
ပြန်ပွင့် လို့  ဆုံစည်းခွင့် ရချိန်မှာ
တလောကလုံး
ပြုံးပျော်ကြတယ်။
အဲဒီနေ့ မှာ
ဘိသိက်ဆရာရဲ့ မင်္ဂလာသြဘာသံ
တေးဂီသသံ နဲ့  အတူ
ပြည်သူ
့လက်ခုပ်သံ တွေ ရောယှက်လို့ နေတယ်။
အသွင်တူ
လို့  အိမ်သူဖြစ်ကြသူ နှစ်ဦး
ချစ်ကြည်နှူးစွာနဲ့ 
အိုအောင်မင်းအောင်
ပေါင်းနိုင်ကြပါစေ
မစုဥာဏ်
|
မဂ်လာမောင်မယ်အတွက် ကိုမင်းကိုနိုင် ရဲ့ သီချင်း(ပုံ- Shwe Thanzin facebook) |
(ထန်းမနိုင်ရွာသူ မစုစုနွေးဟာ အဓမ္မလှုပ်အားပေးခိုင်းစေမှုတွေ နဲ့  ပတ်သက်ပြီး
သက်ဆိုင်ရာ အာဏာပိုင်တွေ
ကို International Labor
Organization (ILO) ကနေ
တရားစွဲ ဆိုခဲ့တဲ့ လူ့ အခွင့်အရေးလှုပ်ရှားသူ သတ္တိ ရှင်မလေး (ကနေဒါနိုင်ငံရှိ လူ့ အခွင့်အရေးလှုပ်ရှားမှု အဖွဲ့ မှ ချီးမြင့်တဲ့ John
Humphrey Freedom ဆု ပိုင်ရှင်) ဖြစ်ပါတယ်။ မစုစုနွေး နဲ့  ၈၈ မျိုးဆက်ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်ထွေး တို့  ရဲ့  မင်္ဂလာပွဲ ကို ဇွန်လ ၃ ရက် နေ့  ရန်ကုန် မြို့ ရွှေဂုံတိုင်လမ်း၊ တော်ဝင်နှင်းဆီ မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ မင်္ဂလာပွဲ ကို ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ NLD အဖွဲ့ ဝင်များ၊ အနုပညာရှင် များ တို့ နဲ့  သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ကြောင်းသိရပါတယ်။
ကိုမင်းကိုနိုင်နဲ့  ကျန်နေသေးတဲ့ ကျောင်းသားခေါင်းတောင်တွေ ရဲ့  မင်္ဂလာစုံတွဲ ပုံများကို လည်း မြင်တွေ့ ချင်နေကြောင်းပါ။ )
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။