Photo: NED.org |
မြန်မာ့ဒီမိုကရေစီရေး အတွက် လှုပ်ရှားမှုများကို ဂုဏ်ပြုသည့် အနေဖြင့် အမေရိကန်ပြည်ထောင်စု၊
ဝါရှင်တန် အခြေစိုက် National Endowment for Democracy (NED) အဖွဲ့ ကြီး က “၂၀၁၂ ဒီမိုကရေစီဆု”
ကို မြန်မာ့ဒီမိုကရေစီ အရေး နှင့် လူမှုရေးလုပ်ငန်းများ
အတွက် လှုပ်ရှားဆောင်ရွက်နေကြ သူများဖြစ်သည့် .....
- ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး (ဥကဌ၊ SNLD)
- နာရေးကူညီမှုအသင်းမှ ဥကဌ ကိုကျော်သူ
- ထိုင်း-မြန်မာနယ်စပ် ရှိ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်ဒီယာမောင်
- ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
- US Campign for Burma အဖွဲ့ မှ ကိုအောင်ဒင်
.....တို့ ၅ ဦးအား
ချီးမြင့်ရန် ရွေးချယ်ထားကြောင်းသိရသည်။
အဆိုပါ ဆုအတွက် ဆုပေးပွဲ ကို လာမည့် စက်တင်ဘာလ
၂၀ ရက်နေ့ တွင် အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီ ရှိ Capitol Hill တွင် ကျင်းပသွားမည်ဖြစ်ပြီး၊ ဆုပေးပွဲအခမ်းအနား ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် က တက်ရောက် အမှာစကား ပြောကြားမည်ဖြစ်သည်။
၁၉၈၃ ခု တွင် စတင် ဖွဲ့ စည်းခဲ့သည့် NED အဲန်ဂျီအို အဖွဲ့ သည် US Congress (အမေရိကန်လွှတ်တော်) ၏ ငွေကြေးထောက်ပံ့မှုဖြင့် ရပ်တည်နေသည့်
အဖွဲ့  ဖြစ်ပြီး၊ နိုင်ငံပေါင်း ၉၀ ကျော် တွင် ရုံးခွဲများဖွင့်လှစ်ထားရှိကာ နှစ်စဉ် အဖွဲ့ ပေါင်း ၁၀၀၀ ကျော်အတွက် ငွေကြေးထောက်ပံ့ခြင်း၊ ဒီမိုကရေစီ စာစောင်များထုတ်ဝေခြင်း၊ သင်တန်းများပေးခြင်း အပါအ၀င် လှုပ်ငန်းပေါင်းများစွာ ဖြင့် ကမ္ဘာအရပ်ရပ်မှ
ဒီမိုကရေစီ လှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးနေသည့် အဖွဲ့ ကြီးဖြစ်သည်။ အဲန်ဂျီအို အဖွဲ့ အနေဖြင့် လှုပ်ရှားဆောင်ရွက်နေသော်လည်း၊ US State
Department ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် USAID (
U.S.agency for Development Assistance) မှ နှစ်စဉ် အသုံးစားရိတ်များ ခွဲဝေ ပေးခြင်းခံရသည့် အဖွဲ့ ဖြစ်သည်။၂၀၁၁ ဒီမိုကရေစီ ဆု ကို ဒူနီးရှီးယန်း နှင့် အီဂျစ်နိုင်ငံမှ နိုင်ငံရေးလှုပ်ရှားသူ များ အား ပေးအပ်ခဲ့သည်။
ဆုပေးပွဲ အခမ်းအနားသို့ ရောက်ရှိလာမည့် အဆိုပါ ခေါင်းဆောင်များ နှင့် ဆုံတွေ့ ရန် အမေရိကန်ပြည်ထောင်စုရှိမြန်မာများ က စိတ်လှုပ်ရှားနေကြကြောင်း၊ မြို့ အလိုက် အစည်းအဝေးပွဲ များ ကျင်းပပြီး ကြိုဆိုရေး၊ တွေ့ ဆုံရေး အတွက် ပြင်ဆင်နေကြကြောင်း သိရပါသည်။
http://littlevoiceenglish.blogspot.com/2012/09/2012-democracy-award-will-be-given-to.html
http://www.ned.org/events/democracy-award/2012-democracy-award

No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။