ဗြိတန်နိုင်ငံ လန်ဒန်မြို့ တော်မှာ ဇူလိုင် လ ၂၇ ရက်နေ့ က ကျင်းပခဲ့တဲ့ ၂၀၁၂ အိုလံပစ် အားကစား ဖွင့်ပွဲ အခမ်းအနားက ပုံများဖြစ်ပါတယ်။
တခြားနိုင်ငံ က အိုလံပစ် ဖွင့် ပွဲ တွေ နဲ့ မတူပဲ၊ ဒီနှစ်ဖွင့်ပွဲ မှာတော့ ... ဗြိတိန် နိုင်ငံရဲ့ သမိုင်း၊ အရင်းရှင် စနစ်ကနေ စက်မှု လက်မှု
ထွန်းကားတဲ့ စနစ်၊ ထိုမှ တဆင့် ဒစ်ဂျစ်တယ် ခေတ် စသဖြင့် အဆင့်ဆင့် တိုးတက်ပြောင်းလဲ
လာပုံ ကို လူပေါင်း ၇၅၀၀ ကျော်တို့ က ပါဝင် သရုပ်ဆောင် ပြီး တင်ဆက်သွားပါတယ်။ ဒါ့အပြင် ဗြိတိန် က အလေးထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ် ကို ဂု
ဏ်ပြုတဲ့ အနေနဲ့  ကျန်းမာရေးဝန်ထမ်းတွေနဲ့  ကလေးသူငယ်များရဲ့ သရုပ်ဆောင်မှု၊ ဗြိတိန်က နာမည်ကြီး ဟယ်ရီပေါ်တာဇာတ်ညွန်းရေးသူ စာရေးဆရာမနဲ့  ဟယ်ရီပေါ်တာဇာတ်ကောင်များ၊ ဟာသ
သရုပ်ဆောင် Mr. Bean ရဲ့ သရုပ်ဆောင်မှု က အစ၊ ဂျိန်းစဘွန်း မင်းသား က ဗြိတိန် ဘုရင် မကြီး ကို
သွားကြိုပြီး လေယာဉ်ပေါ် ကနေ အိုလံပစ် ဖွင့် ပွဲ ကို လေထီးနဲ့  ခုန်ဆင်း
တဲ့ အစီအစဉ် က အဆုံး စသဖြင့်.. အစီအစဉ်တွေ ဝေေ၀ဆာဆာနဲ့  တခမ်းတနား တင်ဆက်ပြီး၊ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ကိုယ်တိုင် ဖွင့်ပွဲ ကို ဖွင့်လှစ် ပေးခဲ့တာဖြစ်ပါတယ်။
အားကစားကွင်းထဲ
ချီတက်လာတဲ့ နိုင်ငံပေါင်းစုံ က အားကစားသမားတွေ ကြားထဲ မှာ
"မြန်မာနိုင်ငံ" ဆိုတဲ့ စာတမ်းကို တွေ့ လိုက်ရတော့ (သူတို့ ကိုင်ထားတဲ့ အလံ
အသစ် ကို မမှတ်မိပေမယ့် လည်း)၊ "ငါတို့ နိုင်ငံ ကလည်း ပါသဟဲ့" ဆိုပြီး
ဝမ်းသာအားရ ဖြစ်မိပါတယ်။
လွန်ခဲ့တဲ့
၁၀ နှစ်လောက် ကတည်းက "မြန်မာ့အားကစား ကမွာကို လွှမ်းရမည်" ဆိုတဲ့
ကြွေးကြော်စာ ကို ဆိုင်းဘုတ်ကြီးတွေနဲ့  ဆိုက်ထူထားတာတွေ၊ ရေဒီယို တီဗီ
စတဲ့ အစိုးရ ပိုင် မီဒီယာတွေ ကနေ သီချင်း အဖြစ်နဲ
့ကြွေးကြော်ခဲ့တာတွေ....အခုတော့ တကယ်ဖြစ်လာပြီ နဲ့ တူတယ် ဆိုပြီး
လိုက်ကြည့် တော့ လူ ၆ ယောက်၊ ၇ ယောက်ပဲ ပါတာတွေ့ ရတယ်။ နောက်တော့ မှ
မြန်မာနိုင်ငံ က အားကစားသမား ၆ဦး (မောင်ကြူ
၊ ရွှေစင်လတ်၊အေးအေးအောင်၊ နီလာစန်း၊ နေမျိုးအောင်၊ ဇော်ဝင်းသက် ) ပဲ
ပါမယ်လို့  သိရပါတယ်။ တစ်ယောက်မှ မပါတာထက် စာရင်၊ ၆ယောက်လဲ နည်းလား လို့ ဖြေတွေး တွေး ပေမယ့်လည်း၊ မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံ တွေ နဲ့ 
နှိုင်းစာရင်
အိုလံပစ်အဆင့် မီ အားကစားသမားတွေ တော်တော်လေး နည်းနေတာ ကို တော့
စိတ်မကောင်းဖြစ်မိပါတယ်။
|
Photo: TV |
|
Photo: တီဗီမှတဆင့် ပြန်ရိုက်ထားပါသည်။ |
တီဗီမှာ စာတန်းထိုးထားတဲ့
စာရင်း အရ ..လူဦးရေ ၅.၄ သန်းရှိတဲ့ စကာင်္ပူနိုင်ငံ က အားကစားသမား ၂၃ ဦး ပါဝင်ယှဉ်ပြိုင်ပြီး၊ လူဦးရေ သန်းပေါင်း ၅၄.၆
သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံ ကတော့ ၆ ဦးသာ ပါဝင်နိုင်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ လူဦးရေ ပေါင်းသန်း ၆၀ ကျော်ရှိပါတယ်။ တိုးတက်မှုပိုင်း မှာ မြန်မာနိုင်ငံ နဲ့  သိပ်မကွာဘူးလို့  ထင်ရတဲ့ (လူဦးရေ ၆၇ သန်းခန့် ရှိ) ထိုင်းနိုင်ငံ ကတောင် အားကစားသမားပေါင်း
၃၇ ဦး ပါဝင်ယှဉ်ပြိုင်ပါတယ်။
အရှေ့ တောင် အာရှ မှာ တခါ က မြန်မာဘောလုံးသမားတွေ မျက်နှာပန်းလှခဲ့ဖူးတာ သတိရမိပါတယ်။ လက်ရွှေးစင် ဘောလုံးသမားဟောင်း တစ်ဦးရဲ့ ပြောပြချက်အရ မြန်မာနိုင်ငံ မှာ ထူးချွန်တဲ့ အားကစားသမားတွေ ရှိပေမယ့်လည်း တခြားနိုင်ငံတွေမှာလို အားကစားတွေ အတွက် အစိုးရဘက်က ချမှတ်ပေးတဲ့ အကျိုးခံစားခွင့် နည်းပါးတဲ့ အတွက်၊ အားကစားသမားတွေ ဟာ စားဝတ်နေရေးတာဝန်တွေ နဲ့ လုံးပန်းနေပြီး၊ နောက်ပိုင်းမှာ အားကစားဘက်ကို ဖိဖိစီးစီး မလုပ်နိုင်တော့တာ ကြောင့် အရည်အချင်းတွေ ကျဆင်း သွားရတာဖြစ်တယ်လို့  ပြောပြဖူးပါတယ်။
အခက်အခဲတွေ ကြားထဲက လာရောက်ယှဉ်ပြိုင်ရတဲ့ မြန်မာအိုလံပစ် အသင်း က အားကစား သမားများ
ရွှေတံဆိပ်ဆုတွေ ချိတ်ဆွဲ နိုင်ကြပါစေလို့ .....
မစုဥာ
ဏ်
|
ဗြီတိန်နိင်ငံရဲ့  အရင်းရှင် စနစ်ကနေ စက်မှု ခေတ်ကို အပြောင်း သရုပ်ဖော်ထားတဲ့ တင်ဆက်မှု တစ်ခု (ပုံ-အင်တာနက်) |
|
နာမည်ကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခန်းက အိုလံပစ်မီးတိုင် တင်ဆောင်လာသည့် လှေ ကို ပဲ့ကိုင် မောင်းနှင်လာစဉ် |
|
ပုံ-အင်တာနက် |
|
ပုံ- အင်တာနက် |
|
အိုလံပစ် ဖွင့်ပွဲမှာ Mr.Bean လဲပါဝင် သရုပ်ဆောင် |
|
တီဗီမှတဆင့် ပြန်ရိုက်ထားပါသည်။ |
|
Photo: internet |
|
| |
|
| |