|
Photo:internet |
အမေနေ့  ကို ရောက်လာပြန်ပြီ။
မြန်မာပြည် က ရွာလေးတစ်ရွာ
မှာရှိနေတဲ့ အမေ တစ်ယောက် သတိထားမိချင်မှ ထားမိမယ့် နေ့ တစ်နေ့ ပေါ့ ။
အမေရိကန် ပြည်ထောင်စု အပါအ၀င် ကမာ့နိုင်ငံ အများစုမှာ၊ မိခင်များကို ဂုဏ်
ပြု တဲ့ အနေနဲ့  နှစ်စဉ် မေလ ရဲ့ ဒုတိတ တနဂ်နွေနေ့  ကို Mother's Day
(အမေနေ့ ) အဖြစ် သတ်မှတ်ကြပါတယ်။ အမေနေ့  မရောက်ခင် တစ်ပတ်လောက် ကတည်းက
စတိုးဆိုင်တွေ၊ ပန်းဆိုင်တွေ နဲ့  ရှေ့ ပင်း စဲန်တာ တွေမှာ အမေနေ့ အတွက်
အထူးလျော့ဈေး ဆိုပြီး ရောင်းချပေးကြ၊ သားသမီးတွေ ကလည်း ပို့ စကဒ်တွေ၊
လက်ဆောင်တွေ ၀ယ်ပြီး အမေတွေ ကို “ I love you mom” ဆိုပြီး နှုတ်ဆက်ကြ နဲ့ 
အရေးတယူ ရှိကြတဲ့ နေ့ တစ်နေ့ ပါပဲ။
ငယ်ငယ်ကတည်းက အမေနဲ့  အတူတူ
နေရတဲ့ အချိန် မရှိသလောက် ဖြစ်ခဲ့တာက တကြောင်း၊ တခြား မိသားစုတွေ လို
ဖက်လှဲတကင်း မနေတတ်တဲ့ ကျွန်မတို့  မိသားစု ရဲ့  ဆက်ဆံရေး ပုံစံကြောင့် အမေ
့ကို တခါမှ “I love you” လို့  မပြောခဲ့ဖူးတာ သတိထားမိတယ်။ ကျွန်မလို ပဲ
အမေတွေ ကို ချစ်တဲ့ အကြောင်း နှုတ်ကနေ ဖွင့်မပြောတတ်တဲ့(ဒါမှမဟုတ်)
ဖွင့်ပြောခွင့် မရတဲ့ သားသမီးတွေ မြန်မာပြည် မှာ တော်တော်များများ
ရှိမယ်ထင်ပါတယ်။
ဒီအချိန်ဆို အမေတစ်ယောက် အလုပ်ရှုပ်နေမလား၊
ဒါမှမဟုတ် ရှမ်းရိုးမတောင်တန်း ကို လှမ်းမျှော်ကြည့်ရင်း ကျွန်မ ကို များ
သတိရနေ မလား။ ပညာရေးမှာ ကောလိပ်ပညာရေး အဆင့်ထိ သူကိုယ်တိုင်
သင်ကြားခွင့်မရခဲ့ပေမယ့် သူ့ သားသမီးတွေ ကို ပညာတတ်ကြီးတွေ
သိပ်ဖြစ်စေချင်တဲ့အမေ။ ကျွန်မ ကလေးဘ၀ ကတည်းက အဖေဆုံးသွားတဲ့ အခါ၊
ကျန်ခဲ့တဲ့ သားသမီး ၅ ယောက်ကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့  မြို့ 
ကျောင်းတွေ ကို ပို့ ၊ တချို့ ကို အမျိုးအိမ်ထား၊ တချို့ ကို
ဘော်ဒါဆောင်ထား နဲ့  အမေ တစ်ယောက် မိန်းမတန်မဲ့ ခက်ခက်ခဲခဲ ရုန်းကန်ပြီး
ကျွန်မတို့  ကို ကျောင်းထားခဲ့တယ်။ လယ်ကွက်တွေ၊ စပါးခင်းတွေ ပေါ်မူတည်ပြီး
စီးပွားရေးလုပ်ရတာမို့  စပါးအထွက်နှုန်း ကျတဲ့ နှစ်တို့ ၊ သီးနှံတွေ
သိပ်မအောင်တဲ့ နှစ်တို့  ဆိုရင် စီးပွားရေးက ကြပ်တည်းလှပေမယ့်၊ ကျွန်မတို့ 
ရဲ့  ပညာရေးကို မထိခိုက်အောင် အမေထောက်ပံ့ ခဲ့တယ်။
အင်္ဂလိပ်စာ
တစ်လုံးမှ မတတ်တဲ့ အမေက၊ နွေရာသီကျောင်းပိတ်ရက် အိမ်ပြန်လာလို့ ရွာထဲက
ကလေးတွေ ကို စုပြီး ကျွန်မ အင်္ဂလိပ်စာသင်ပေးတာကို တပြုံးပြုံးနဲ့  အင်မတန်
ဂုဏ်ယူနေတတ်ခဲ့တာ မှတ်မိသေးတယ်။ အငွေ့ တထောင်းထောင်းထ နေတဲ့
မှုန်ညင်းစောဟင်းရည် ကို ချက်ကျွေး တတ်တဲ့ အမေ၊ငါ့သမီး ပညာတတ်ကြီး ဖြစ်လာမှ
အမေ ကောင်းကောင်း အနား ယူမယ် လို့  ပြောလေ့ရှိတဲ့ အမေ။ အမေ့ရဲ့ 
ထောက်ပံ့မှု၊ အားပေးမှုတွေ နဲ့  ပညာကို မပူမပင် သင်ခဲ့ရတဲ့ အတွက် ကြောင့်
ထင်ပါရဲ့ ။ ဘွဲ့ ရပြီးတဲ့ အခါ တခြား သူငယ်ချင်းတွေက စီးပွားရေးလောက ထဲ
ခြေစုံပစ်ဝင်သွားကြ၊ အိမ်ကို ငွေပြန်ပို့  ကြတဲ့အခါ၊ ကျွန်မ ကတော့
ပညာသင်တာကို အားမရသေးပဲ၊ ရန်ကုန်မှာ ရရာ အလုပ်တစ်ခု ၀င်လုပ်ပြီး
သံရုံးတွေ၊ အင်္ဂလိပ်စာ သင်တန်းတွေ ကို ဆက်ပြီး တက်ဖြစ်ပါတယ်။
ရွာလေးက
ကျွန်မရဲ့ ငယ်သူငယ်ချင်းတွေ က ဆယ်တန်းအောင်ပြီး တာနဲ
့ကောလိပ်ဆက်မတက်ကြတော့ပဲ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ ကို
ထွက်သွားပြီး အလုပ်လုပ်ကြ၊ အိမ်ကို ငွေပြန်ပို့ ကြလို့  တခြား အမေတွေ က
သူတို့ သားသမီးပို့ လိုက်တဲ့ လက်ဆောင် ပစ္စည်းတွေ အကြောင်း ပြောကြ ဆိုကြတဲ့
အခါ၊ ဘာမှ ပြောစရာ မရှိတဲ့ အမေတစ်ယောက် အားငယ်နေ မလားလို့  တခါ တခါ ကျွန်မ
တွေးမိပါတယ်။ “ အမေ.. အင်္ဂလိပ်စာ သင်တန်းတွေ တက်နေရလို့  အမေ့ ကို သမီး
လစဉ် ငွေမပို့ နိုင်သေးဘူးနော်” လို့  ဖုန်းဆက် ပြောတဲ့ အခါတိုင်း အမေက “
အမေ့ အတွက် မပူနဲ့ သမီး၊ ပညာ ကို သာ ကြိုးစားသင်” လို့  ပြန်ပြောခဲ့ လေ့
ရှိတယ်။
ရန်ကုန်မှာ တုန်းက အိမ်ကို ငွေမပို့ နိုင်တဲ့ ကျွန်မ၊
အမေရိကန် ပြည်ထောင်စု ကို ရောက်လာတော့လည်း၊ တစ်ယောက်တည်း ခက်ခက်ခဲခဲ
ရုန်းကန်ရပြန်တယ်။ ကျောင်းမတက်ပဲ၊ ကလေးထိန်း တဲ့ အလုပ် လုပ်ရင် တောင်မှ
တစ်လ ကို ဒေါ်လာ ၁၂၀၀ ကနေ ၁၅၀၀ လောက် အထိ ရနိုင်တာမို့ ၊ အမေရိက ကို
ရောက်လာတဲ့ မြန်မာတွေ တော်တော်များများ အိမ်ကို ငွေပြန်ပို့ နိုင်ကြပါတယ်။
ဒါပေမယ့် မြန်မာပြည် က ဘွဲ့  နဲ့  မတင်းတိမ်နိုင်ခဲ့တဲ့ ကျွန်မ က
ကျောင်းဆက်တက်ခဲ့တာမို့ ၊ အိမ်ကို ငွေမပို့  နိုင်ပြန်ပါဘူး။
အိမ်မှာ
တခြား မောင်နှမတွေ က အိမ်ထောင်ကျ၊ အိမ်ကခွဲထွက်သူက ထွက်နဲ့  အမေ့ အတွက်
မလွယ်လှတဲ့ ကာလမှာ ကျွန်မကလည်း အခက်အခဲတွေ နဲ့  ရင်ဆိုင်နေခဲ့ရတယ်။ ဘွဲ့ 
လွန်ပညာရေး ဖြစ်လို့  အစိုးရ ကထောက်ပံ့တဲ့ ပညာရေးထောက်ပံ့ငွေ (Grant) ကို
မရတဲ့ အတွက်၊ ကျွန်မ အလုပ် တဘက်၊ ကျောင်းတဘက်နဲ့  ရုန်းကန်ရပြန်ပါတယ်။
ကျွန်မရဲ့  အတန်းဖော်သူငယ်ချင်းတွေ က ကားမောင်းပြီး ကျောင်းတက် နိုင်
ကြပေမယ့်၊ ကားဝယ်ဖို့  မတတ်နိုင်တဲ့ ကျွန်မကတော့ သူများတွေ ထက် ပို
အားစိုက် ရတယ်။ ကျွန်မ တက်တဲ့ ကျောင်းက နယူးယောက် မြို့ လယ်ခေါင် မှာရှိတဲ့
Grand Central မှတ်တိုင် ကနေ ၄၅ မိနစ် လောက် ရထားစီးရတဲ့ မြို့  လေးမှာ
ရှိပါတယ်။ ရထားက တစ်နာရီကို တစီးလောက်ပဲ ရှိတာမို့  ရထားတစ်စီး နောက်ကျရင်
ဘူတာရုံမှာ နောက်ထပ် တစ်နာရီစောင့် ရပါတယ်။ အဲ..အိမ်ကနေ Grand Central
မှတ်တိုင် ကို သွားဖို့  မိနစ် ၃၀ လောက် ကြာတာမို့ ၊ စုစုပေါင်း အချိန်
တစ်နာရီခွဲလောက် ရထားပေါ်မှာ ကုန်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မ အသည်းအသန်
စာဖတ်ရတယ်။ မနက် ၈ နာရီ အတန်း ရှိတဲ့ ရက်ဆိုရင်၊ အိမ်ကနေ မနက် ၅ နာရီ လောက်
မှာ ထွက်ရပါတယ်။ ဒါမှ ရထားတစ်စီး လွတ်သွားလို့  နောက်တစ်စီးစောင့် ရရင်
အတော်ပဲဖြစ်မှာမို့ ပါ။
အလုပ်မိုးချုပ်မှ ပြီးတဲ့ ညတွေ ဆိုရင်၊
အိပ်ချင်မူးတူးနဲ့  ရထားမှတ်တိုင်မှာ ၇ထား စောင့်ရင်း စာဖတ်၊
ကျောင်းပြီးရင် အလုပ်ကို ပြေးနဲ့ ပဲ။ ဒုတိယ နှစ်ယောက်တော့ မှ
သူငယ်ချင်းတစ်ယောက် က ကားကြုံတင်ခေါ်လို့  သက်သာခဲ့ရတယ်။
အလုပ်ကို
အချိန်ပြည့်တစ်ခု၊ အချိန်ပိုင်းအလုပ်တစ်ခု၊ နဲ့ နွေရာသီ
ကျောင်းပိတ်ချိန်မှာ လုပ်တဲ့ အလုပ် တစ်ခု ဆိုပြီး ၃ ခု လုပ်ခဲ့ရတယ်။
အိမ်ကနေ ငွေပြန်မတောင်း၇ပေမယ့် ကျောင်းစာအုပ်ဖိုးတွေ၊ စားရိတ်တွေနဲ
့အိမ်ကို ငွေ ပြန်မပို့  နိုင်ခဲ့ပြန်ဘူး။ အီဂျစ်ကနေ ကျောင်းလာတက်တဲ့
သူငယ်ချင်းတစ်ယောက် က သူ့ မိဘတွေ ချမ်းသာလွန်းတဲ့ အတွက် ဘာအလုပ်မှ လုပ်ဖို့ 
လဲ မလို၊ စာကို ပဲ ကျက်တာတောင် ဖတ်စရာ စာများလို့ အိပ်ချိန် မလုံလောက်တဲ့
အတွက် ကျွန်မ ကို အမြဲ တမ်း "ရူးသွားမယ်နော်" လို့  ပြောယူရတဲ့ အထိပါပဲ။
အဲဒီလို ဆင်းဆင်းရဲရဲ နဲ့  ရုန်းကန်ရတာ ၃နှစ်ခွဲ ကြာသွား ခဲ့တယ်။
ကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံး အမေ က သူပြောနေကျ စကားအတိုင်း “ငါ့သမီး
ပင်ပန်းနေလား၊ အမေ့အတွက် မပူနဲ့ နော်၊ စာကို သာ ကြိုးစား” လို့ 
တောက်လျောက် ပြောခဲ့တယ်။ သားသမီးတွေ ဆီက ငွေကြေး အထောက် အပံ့ ကို
မမျော်ကိုးပေမယ့် တကယ်ဆို အမေ အသက်ကြီးလာပြီး အရင် ကလို အလုပ် မလုပ်နိုင်
တော့ တာ ကျွန်မသိပ် သိတာပေါ့ ။ ဒါပေမယ့် ကျွန်မ တကိုယ်ကောင်းဆန်စွာ နဲ့
အမေ့  ကို လျစ်လျူ ရှုခဲ့ရတယ်။
ကဲ..အခုတော့..ကျွန်မ
ရချင်လှချည်ရဲ့  ဆိုခဲ့တဲ့ ဘွဲ့ လေးတစ်ခု ရလာပြီ။ ကျောင်းပြီးသွားရင် အမေ
့ကို လစဉ် ငွေပို့ နိုင်တော့မယ်ဆိုတဲ့ အတွေးတွေ နဲ့  ပျော်ခဲ့တဲ့
ကျွန်မ…လိုင်စင် စာမေးပွဲတစ်ခု ထပ်ဖြေပြီးမှ အလုပ် လုပ်ခွင့်ပြုမှာမို့ ၊
အဲဒီ စာမေးပွဲ အတွက် သင်တန်းကြေး၊ လိုင်စင်ကြေးပေး ၇မယ့် ပြေစာတွေ နဲ့ 
ကျောင်းတက်တုန်းက ချေးထားရတဲ့ ငွေ ဒေါ်လာ သောင်းပေါင်းများစွာကို
ပြန်ပေးဖို့  အကြွေးတောင်း လာတဲ့ စာရွက်တွေ အလယ်မှာ ချွေးတွေ
ပြန်ရင်း…အမေနေ့ မှာ အမေ့ ကို ပြောဖို့  စကားလုံးတွေ စီနေမိတယ်အမေ။
အမေများအား ဂါရ၀ပြုလျှက်