တနေ့ က
G-talk မှာ မြန်မာပြည်က သူငယ်ချင်း ဓာတ်ပုံသတင်းထောက်
တစ်ယောက်နဲ့  ကျွန်မ စကားပြောဖြစ်ပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တလျောက် အနီးကပ်
လိုက်ပါပြီး သတင်းဓာတ်ပုံ
တွေ ရိုက်ကူးရသူမို့ ၊ သွားလေရာ နေရာတိုင်း ထောင်သောင်းချီတဲ့ လူအုပ်ကြီးတွေနဲ့  တိုးဝှေ
့ သွားရတာ အင်မတန်မှ ပင်ပန်းတဲ့ အကြောင်း၊ သွားတဲ့ နေရာဒေသ ကို လိုက်ပြီး ရာသီဥတု က
ပူလိုက်၊ အေးလိုက် ပြောင်းနေတော့ နေသိပ်မကောင်းတဲ့ အကြောင်း ပြောပြပါတယ်။
“ကျွန်တော်
တောင် နံဘေးကလိုက်ပြီး ဒီလောက်ပင်ပန်းရင်၊ အသက်အရွယ်ကြီး နေတဲ့ အမေစု ဆို ပိုပြီး ပင်ပန်းတာပေါ့ ၊ အမေ က တစ်ယောက်တည်း နားနေတဲ့ အချိန်မှာ ပင်ပန်းနွမ်းနယ်တဲ့ ပုံ ပေါက်နေပေမယ့်၊ သူ့ ကို အားပေးထောက်ခံနေတဲ့
လူအုပ်ကြီးရှေ့ ရောက်သွားရင် အလိုလို ပြုံးပျော်ပြီး လန်းလန်း ဆန်းဆန်းဖြစ်သွားတယ်” လို့  သူငယ်ချင်းက ပြောပြပါတယ်။
ကျွန်မမြင်ယောင်မိပါတယ်၊
ကုန်းတစ်တန်၊ လေကြောင်းတစ်တန် နဲ့  ခရီးဝေးကို သွား၊ ခရီးရောက်မဆိုက်
ထောင်ပေါင်းများစွာသော ပြည်သူတွေ ကို နှုတ်ဆက်ရ၊ မိန့် ခွန်းပြောရ၊
ရောက်လေရာ နေရာတိုင်းမှာ အခက်အခဲတွေကို တိုင်တည်ရင်ဖွင့်ကြသူတွေ၊
အကူအညီတောင်းခံသူတွေ ရဲ့ အခက်အခဲတွေ ကို ကြားနာရ၊ ညစာစားပွဲတွေမှာ အယူအဆအမျိုးမျိုးနဲ့  လူတွေ ပြောဆိုတိုင်ပင်ကြတာကို နားထောင်ရ နဲ့  အမေ ပင်ပန်းနေမှာပဲ
လို့ ...
ပင်ပန်းတဲ့ ဒဏ်တွေကြောင့် ထင်ပါရဲ့  မနွလေးမှာ ၁၀မိနစ်လောက် တရားဟောပြီး အမေစု နေမကောင်းတဲ့ အတွက် ခနတာ ပြန်အနားယူရတဲ့ အကြောင်း၊ အနားယူပြီးမှ မိန့် ခွန်းကို ဆက်လက်ပြောကြားနိုင်ခဲ့တယ်လို့  သိရပါတယ်။ သူ့ ကျန်းမာရေး ထက် ပြည်သူ့ အရေးကို အလေးထားတဲ့ အမေစု ပါ။
တနေ့ တာ အချိန်တွေ ကို ပြည်သူလူထု အတွက် ပဲ အကျိုးရှိရှိ အသုံးချနေတဲ့ အမေစု၊ အခက်အခဲ အတားဆီးအမျိုးမျိုးကို ကျော်ဖြတ်ရင်း ပြင်းပြတဲ့ ယုံကြည်ချက်တွေနဲ့  အသက်ကို ပဓာနမထားပဲ၊ ပြတ်ပြတ်သားသား ရှေ့ ကို ပဲ ဆက်လှမ်းနေတဲ့ အမေစု ကို လေးစားစွာဂါရ၀ပြုပါတယ်။
မြေပြန့် က
နေပူဒဏ်
တောင်ပေါ်က
အအေးဒဏ်
ကို အံတု
ခရီးကြမ်းလို
့ ပင်ပန်းတာတွေ ကို သူ မမှု ……
မြန်မာပြည်အနှံ
့က နွမ်းနယ်နေတဲ့ လူထု အတွက်
အားမာန်တွေ
ဆောင်ကျဉ်း၊ မျှော်လင့်ချက် အလင်းတန်းတွေ ဖြန့် ကျက်ဖို့ 
လာပြီ..လာပြီ..နော်
အမေစု။
ညီစေ..ညီစေ.နော် လူထု။
မစုဥာဏ်
****************************************************************************
အောက်မှာ ဖော်ပြထားတဲ့ ပုံများက Facebook နှင့် အင်တာနက် များမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့  စည်းရုံးရေးခရီးစဉ်များ အကြောင်း မှတ်တမ်းတင် ဓာတ်ပုံ များကို စုစည်းတင်ပြခြင်းဖြစ်ပါတယ်။ မြန်မာ့သမိုင်း အတွက် အရေးကြီးလှတဲ့ အခါသမယ မှာ သမိုင်းဝင် မှတ်တမ်းများ ရိုက်ကူးပေးတဲ့ မူရင်း ဓာတ်ပုံဆရာများ အားလုံး ကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
|
မနျလေးအောင်ပင်လယ်မှ လူပင်လယ်ကြီး |