(လာမယ့်ဇန်န၀ါရီလ (၄)ရက်နေ့ မှာ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ကြားနေရပေမယ့် ဘယ်သူတွေ ပါမယ်၊ ဘယ်နှစ်ယောက် လွတ်ပေးမယ်ဆိုတာ မသိရသေးပါဘူး။ သံတိုင်ခြားနေတဲ့ အမေနဲ့ သားသမီးများအတွက် ရည်စူးပြီး ဒီဆောင်းပါး ကို တဖန်ပြန် တင်ပေးလိုက်ပါတယ်။)
မစုဥာဏ်
***********************************************************************
အခုနှစ် အစောပိုင်း ဂျပန်နိုင်ငံမှာ မြေငလျင်လှုပ်တုန်းက သတင်းတပုဒ်မှာ၊ သုံးလသား အရွယ် ကလေးငယ်တစ်ဦးကို သူ့ အမေက အသက်ပေးကယ်တင်သွားတဲ့အကြောင်း ဖတ်လိုက်ရတော့ ကျွန်မ စိတ်ထဲတော်တော် တုန်လှုပ်မိပါတယ်။ ဂျပန်အမျိုးသမီးဟာ သုံးလသားအရွယ်ကလေးငယ် ရဲ့ အပေါ်မှာ အုပ်မိုးပြီး၊ အပေါ်က ပြိုကျလာနေတဲ့ အုတ်ခဲ အပိုင်း အစတွေကို သူ့ ကိုယ်နဲ့  ကာကွယ်ပေးပြီး အသက်အသေခံသွားခဲ့ပါတယ်။ ကိုယ့်သားသမီးအတွက် အသက်ကို စွန့်  လွတ်ဖို့  တောင် ၀န်မလေး တဲ့ မိခင်မေတ္ထာက အနှိုင်းအဆမဲ့ကြီးမြတ်လှပါတယ်။ တချိန်တည်းမှာ ပဲ အများ အကျိုး သယ်ပိုးနေရတဲ့ အတွက် ကိုယ့်သားသမီးကို လျစ်လျူရှုထားရတဲ့  အမေတွေ၇ဲ့  ၇င်ထဲမှာ ဘယ်လိုရှိမလဲလို့  ကျွန် မ တွေးမိတယ်။ ဥပမာ ထောင် ၆၅ နှစ်အချခံထားရတဲ့  ၈၈ကျောင်းသူ မနီလာသိန်းလို လသားအရွယ် သမီးငယ်ကို ကျောခိုင်းပြီး အများအကျိုး အတွက် ဆောင်ရွက်ခဲ့တဲ့ အဖြစ်မျိုးမှာ သမီးကို ထွေးပွေးယုယခွင့် မရတဲ့ အမေတစ်ယောက်အနေနဲ့  ဘယ်လောက်များ ပင်ပန်း ဆင်း၇ဲလိုက်မလဲ။ “ကျွန်မသမီးကို ကျွန်မအရမ်းချစ်ပါတယ်၊ တချိန်ချိန်မှာ ကျွန်မအပေါ်ကို သမီး နားလည် လာလိမ့်မယ် လို့  မျော်လင့်ပါတယ်” လို့  သူမအဖမ်းမခံရခင် ဧရာဝတီ သတင်းဌာနနဲ့  အင်တာဗျူးတစ်ခုမှာ မနီလာသိန်းက ပြောသွား ခဲ့ပါတယ်။
Nilar Thein, an activist/political prisoner from Burma who is currently serving her 65 years of sentence in Thayet prison, she left her five months old daughter and fought for her country. |