A song speaks louder than a politician's speech.
http://www.youtube.com/watch?v=OV_PNM2rnSw&feature=results_video&playnext=1&list=PLAEF1E1391790D14D
Tuesday, September 27, 2011
Wednesday, September 21, 2011
မြန်မာ့ ဂုဏ်ဆောင်၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် 
အခုလ ၁၃ရက်နေ့ ကနေ ၂၂ရက်နေ့ အထိ နယူးယောက်မြို့ က ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးမှာ ၂၀၁၁ခုနှစ် အထွေထွေညီလာခံကို ကျင်းပခဲ့ပါတယ်။ နယူးယောက်မြို့ တွင်းမှာတော့ လမ်းတွေပိတ်ပြီး လုံခြုံရေးတွေကို ယခင်နေ့ တွေကထက် ပိုမို တင်းကြပ်ထားတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦးနား ကို ရောက်တိုင်း သူငယ်ချင်းတွေကို ကျွန်မ အမြဲ ၀င့်ဝင့်ကြွားကြွား နဲ့  ပြတတ်တဲ့နေရာလေးတစ်ခုကတော့ ဦးသန့် ကျွန်းပါပဲ၊ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ဖွား ဦးသန့်  (တချိန်က ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ) ကို ဂုဏ်ပြု ပြီး အမည်ပေးထားတဲ့ ကျွန်းကလေး ကို ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦးအနား (မက်ဟက်တန်မြို့ တွင်း) ဘက်ကနေ ဖြစ်ဖြစ်၊ Long Island City ဘက်ကနေပဲ ဖြစ်ဖြစ် မြင်တွေ့ နိုင်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းကို စတင်ဖွဲ့ စည်းခဲ့တဲ့ ၁၉၄၅ခု ကစပြီး ယခုအထိ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ၉ ဦးသာရှိပြီး၊ အဲဒီအထဲမှာ မြန်မာတစ်ဦးပါဝင်နေတာဟာ ကျွန်မတို့ 
မြန်မာလူမျိုးတွေ အတွက် ဂုဏ်ယူစရာပါ၊ မျိုးဆက်သစ်မြန်မာလူငယ်လေးတွေကို ဦးသန့် လို ထူးချွန် တက်မြက်အောင်၊ အတုယူတတ်အောင် သင်ကြားပေးရမယ့် အစား၊ စစ်အစိုးရက မြန်မာ့ သမိုင်း စာမျက်နှာတွေ ပေါ် မှာ ဦးသန့် နဲ့ သူ့ ရဲ့  လုပ်ဆောင်မှုတွေ အကြောင်း ကို ဖျောက်ဖျက်ထား တာကတော့ ၀မ်းနည်းစရာပါပဲ။ ဦးသန့် အကြောင်း မကြားသိဖူးသေးတဲ့ လူငယ်တွေ အတွက် ဦးသန့် အကြောင်း အကျဉ်းချုပ် ကို ဝေမျှလိုက်ပါတယ်။

ဦးသန့် ကျွန်း နဲ့  ကုလသမဂအဆောက်အဦး (U Thant Island in New York City) |
ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်  (U Thant from Burma was the third Secretary General of UN) |
Tuesday, September 20, 2011
The Reith lecture by Aung San Suu Kyi
This lecture was given by Burma's pro-democracy leader/Nobel Laureate Aung San Suu Kyi via BBC news.
http://www.mediafire.com/file/k3f883g4lm1umzz/reith_20110628-0915a.mp3
http://www.mediafire.com/file/k3f883g4lm1umzz/reith_20110628-0915a.mp3
Thursday, September 15, 2011
voiceless people in Burma
The more i see the happiness of people who are enjoying their freedom, the more i feel for those whose freedom was taken away.....
လွတ်လပ်မှု၊ လူအချင်းချင်းတန်းတူညီတူ အခွင့်အရေးရှိမှု စတာတွကို အပြည့်အ၀ခံစားနေကြတဲ့ တိုင်းပြည်က လူတွေရဲ့ ပျော်ရွင်မှုတွေကို မြင်တိုင်း အဲဒီအခွင့်အရေးတွေကို (လက်တဆုပ်စာ လူတွေ ကောင်းစားရေးအတွက်) စွန့် လွတ်နေကြရတဲ့လူတွေရဲ့  နာကျင်မှုတွေ ကို ပိုခံစားမိတယ်။
မစုဥာဏ် unlike other kids, they have no right to study peacefully |
victims of forced relocations ordered by Burmese military government |
the military troops burned down villages like this..living villagers with no place to call home.. |
Ethnics(minorities) have been targeted due to the military government's ethnic cleansing policy |
Wednesday, September 14, 2011
စာဖတ်ခန်း ၂ (ရသစာပေများ)
စာပေ ကို ချစ်မြတ်နိုးသူတွေ အတွက် နှစ်ပေါင်းများစွာ စုဆောင်းလာတဲ့ စာအုပ်လေးတွေ ကို မျှဝေလိုက်ပါတယ်၊ ငွေကြေးအခက်အခဲကြောင့် ပဲ ဖြစ်ဖြစ် ပြည်တွင်းမှာ ၀ယ်ယူလို့ မရနိင်တဲ့ စာအုပ်မျိုးဖြစ်နေလို့ ပဲ ဖြစ်ဖြစ် စာဖတ်ဖို့ ဖြစ်ပေါ်လာတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးလို စိတ်နဲ့  စာအုပ်များကို ဝေမျှခြင်းသာဖြစ်ပါတယ်၊ စီးပွားရေးအကျိုးအမြတ်အတွက် ပြန်လည် အသုံးပြုခြင်းမပြုလုပ်ကြဖို့  နဲ့  အခြေအနေအရပ်ရပ်ကြောင့် မူရင်းစာရေးဆရာ ဆရာမတွေဆီက ခွင့်ပြုချက်တောင်းခံခြင်း မပြုနိုင်တာကို အနှူးအညွတ်တောင်းပန်ပါတယ်၊
အောက်မှာပေးထားတဲ့ link ကိုနှိပ်ပြီး download လုပ်နိုင်ပါတယ်၊ ဖွင့်လို့ မရရင် အီးမေလ်းပို့ ပေးစေချင်ပါတယ်၊
အိုမာခယမ် (မင်းယုဝေ)
စာပေဗိမာန်ဆုရ၊ အဖေခေသူမဟုတ်နဲ့  အခြားစာစုများ(မောင်သုန် )
သစ်ရွက်ကြွေပေါ်မှာရေးတဲ့မှတ်တမ်းများ(တင်မိုး)
ခရမ်းနုရောင်နှင်း(သို့ မဟုတ်) ခင်ဝမ်းသို့ တမ်းခြင်းများ (အောင်ဝေး)
အဆိုအမိန့်  နှင့် ကျကျမ်း ကာတွန်းများ (အော်ပီကျယ်)
စာဖတ်ခန်း ၁
စာပေ ကို ချစ်မြတ်နိုးသူတွေ အတွက် နှစ်ပေါင်းများစွာ စုဆောင်းလာတဲ့ စာအုပ်လေးတွေ ကို မျှဝေလိုက်ပါတယ်၊ ငွေကြေးအခက်အခဲကြောင့် ပဲ ဖြစ်ဖြစ် ပြည်တွင်းမှာ ၀ယ်ယူလို့ မရနိင်တဲ့ စာအုပ်မျိုးဖြစ်နေလို့ ပဲ ဖြစ်ဖြစ် စာဖတ်ဖို့ ဖြစ်ပေါ်လာတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးလို စိတ်နဲ့  စာအုပ်များကို ဝေမျှခြင်းသာဖြစ်ပါတယ်၊ စီးပွားရေးအကျိုးအမြတ်အတွက် ပြန်လည် အသုံးပြုခြင်းမပြုလုပ်ကြဖို့  နဲ့  အခြေအနေအရပ်ရပ်ကြောင့် မူရင်းစာရေးဆရာ ဆရာမတွေဆီက ခွင့်ပြုချက်တောင်းခံခြင်း မပြုနိုင်တာကို အနှူးအညွတ်တောင်းပန်ပါတယ်၊
အောက်မှာပေးထားတဲ့ link ကိုနှိပ်ပြီး download လုပ်နိုင်ပါတယ်၊
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေး ဘ၀ဇာတ်ကြောင်း
ကဗျာများ
The Lady
မန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကား ကို ကနေဒါနိုင်ငံမှာကျင်းပနေတဲ့ 2011 တိုရန်တို ရုပ်ရှင်ပြပွဲမှာ စတင်လို့ ပြသနေပါပြီ၊ ဇာတ်ဆောင်မင်းသမီး မီရှဲယ်ယိုးကိုယ်တိုင် ပြပွဲကို တက်ရောက်ခဲ့ပြီး ဇာတ်ကားနဲ့  ပတ်သက်တဲ့ အကြောင်းတွေကို အင်တာဗျူးတွေ ပေးခဲ့ပါတယ်၊ ဒီဇာတ်ကားကြောင့် မြန်မာနိုင်ငံအကြောင်းကို ပိုပြီးလူသိများလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်၊
Subscribe to:
Posts (Atom)